2nd Training for Certificate in Food Technology Course

၁။     ရန်ကုန်တက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၏ အစီအစဉ်ဖြင့် ဓာတုဗေဒ ဌာန၊ ကုန်ထုတ်ဓာတုဗေဒဌာန၊ သတ္တဗေဒဌာနနှင့် ရုက္ခဗေဒဌာနများ ပူးပေါင်း၍ Certificate in Food Technology Course သင်တန်းအမှတ်စဉ် (၂) ကို ရန်ကုန် တက္ကသိုလ်၊ ဓာတုဗေဒဌာန၌ ဖွင့်လှစ်မည်ဖြစ်ပါသည်။

၂။     သင်တန်းဝင်ခွင့်အရည်အချင်း – တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီး စာသောက်ကုန်လုပ်ငန်း အတွေ့အကြုံရှိသူ

၃။     သင်တန်းကာလ                     –  (၃) လ

၄။     သင်တန်းချိန်                         –  နံနက်(၇)နာရီ မှ (၉)နာရီထိ (တနင်္လာ မှ သောကြာနေ့)

နံနက်(၈)နာရီ မှ ညနေ(၃)နာရီထိ (တနင်္ဂနွေနေ့)

၅။    သင်တန်းဖွင့်မည့်ရက်               –  (၁၇.၆.၂၀၁၇)

၆။    သင်တန်းတက်ရောက်လိုသော သင်တန်းသာ/သူများသည် ၈.၆.၂၀၁၉ နံနက် (၉)နာရီမှ စ၍ အောက်ဖော်ပြပါ website link ၌ ဝင်ခွင့်ပုံစံဖြည့်စွက်လျှောက်ထားနိုင်ပါသည်။ ဦးစွာရောက်ရှိပြီး ပြည့်စုံသောလျှောက်လွှာများကို ဦးစားပေးအစီအစဉ်အတိုင်း သတ်မှတ်ဦးရေ ပြည့်သည်အထိ လက်ခံမည်ဖြစ်ပါသည်။ သင်တန်း တက်ရောက်ခွင့် ရသူများ၏ အမည်စာရင်းကို ရန်ကုန် တက္ကသိုလ်၊ ဓာတုဗေဒဌာန၌ (၁၄.၆.၂၀၁၉) ညနေ (၃)နာရီတွင် ကြေညာပါမည်။ ၄င်းအမည် စာရင်းတွင် ပါဝင်သူများသည် လူကိုယ်တိုင်လာရောက်၍ ကျောင်းအပ်နှံရမည် ဖြစ်ပါသည်။

Training Course Registration Form

 

ဓာတုဗေဒဌာန

ရန်ကုန်တက္ကသိုလ်