Stakeholders Consultation Workshop for the Development of a Master’s Degree in Fisheries and Aquaculture at the University of Yangon

Stakeholders Consultation Workshop for the Development of a Master’s Degree in Fisheries and Aquaculture at the University of Yangon

 

ရန်ကုန်တက္ကသိုလ်တွင်ဖွင့်လှစ်သင်ကြားလျှက်ရှိသော ငါးလုပ်ငန်းပညာဘာသာရပ်၊ မဟာဘွဲ့ သင်တန်းသင်ရိုးညွှန်းတမ်းများရေးဆွဲခြင်းကို Stakeholders များ၏လိုအပ်ချက်နှင့်အညီ Competency-based curriculum ကိုရေးဆွဲနိုင်ရန်အတွက် (၁၉-၁-၂၀၂၁) တွင် Stakeholders Consultation Workshop ကိုရန်ကုန်တက္ကသိုလ်၊ ငါးလုပ်ငန်းပညာတွင် Virtual စနစ်ဖြင့်ကျင်းပရာ ရန်ကုန်တက္ကသိုလ် မှဒုတိယပါမောက္ခချုပ်ဒေါက်တာနီလာအောင်၊ ရန်ကုန်တိုင်းငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဒေါက်တာယဉ်ယဉ်မိုး၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှဒုတိယဥက္ကဌ ဒေါက်တာတိုးနန္ဒာတင်၊ Myanmar Sustainable Aquaculture Programme (MYSAP) မှ Dr Florian Muehlbauerတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။ ထို့နောက် Private sectors များဖြစ်ကြသည့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ငါးစာထုတ်လုပ်ရေးကုမ္ပဏီများ၊ ငါး/ပုဇွန်သားပေါက်ထုတ်လုပ်ရေးနှင့် မွေးမြူရေးကုမ္ပဏီများ၊ ရေထွက်ပို့ကုန်နှင့် ထုတ်လုပ်ရေးစက်ရုံများ၊ ငါးလုပ်ငန်း ဦးစီးဌာန (နေပြည်တော်)မှ ညွှန်ကြားရေးမှုးများနှင့်ပညာရှင်များ၊ ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှုးနှင့် ငါးလုပ်ငန်းအတတ်သင်ကျောင်းများမှကျောင်းအုပ်ကြီးများ၊ ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာန၊ ရုက္ခဗေဒဌာန၊ သင်္ချာဗေဒဌာန၊ ဓာတုဗေဒဌာန၊ ဘူမိဗေဒဌာန၊ မန္တလေးတက္ကသိုလ် နှင့် ကမ်းရိုးတန်းဒေသရှိ တက္ကသိုလ် များ၏ သတ္တဗေဒနှင့်အဏ္ဏဝါသိပ္ပံဌာနများမှ ပါမောက္ခဆရာမများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့်တိရိစာ္ဆန် မွေးမြူရေးနှင့်ဆေးကုရေးတက္ကသိုလ်မှ ပါမောက္ခများ၊ University of Malaya, University of Otago မှပါမောက္ခများ၊ International development partner များဖြစ်ကြသည့် FAO, Worldfish, USAID (Farmer to Farmer program), Honorary attach in the Ministry of Ocean and Fisheries of Korea, MYANOR-Fish project, Center for Economic and Social Development မှပညာရှင်များတတ်ရောက်ခဲ့ကြပြီး အဖွဲ့လိုက်ဆွေးနွေးကာ ငါးလုပ်ငန်းပညာ မဟာဘွဲ့သင်တန်းအတွက် ထည့်သွင်းရမည့် သင်ရိုးညွှန်းတမ်းများကိုအကြံပြုခဲ့ကြပါသည်။

ငါးလုပ်ငန်းပညာဘွဲ့ကြိုသင်တန်းနှင့်ဘွဲ့လွန်သင်တန်း သင်ရိုးညွန်းတမ်းများကို Competency-based curriculum များဖြစ်စေရန် Myanmar Sustainable Aquaculture Programme (MYSAP)၏ ကူညီပံ့ပိုးမှဖြင့် Asian Institute of Technology (AIT)မှပညာရှင်များ၊ နိုင်ငံတကာ တက္ကသိုလ်မှ ပညာရှင်များနှင့် နှင့် ရန်ကုန်တက္ကသိုလ်၊ ငါးလုပ်ငန်းပညာ တို့ပူးပေါင်း ရေးဆွဲလျက်ရှိကြပါသည်။

ရန်ကုန်တက္ကသိုလ် တွင် သင်ကြား လျက်ရှိသောဘာသာရပ်ဆိုင်ရာ ဘွဲ့များ၏ သင်ရိုးညွှန်းတမ်းများကို Stakeholders ၏လိုအပ်ချက်နှင့်အညီ Competency-based curriculum များရေးဆွဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး University Industry Collaboration များကိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။