Online Service for Library

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ၏ online ဝန်ဆောင်မှု
https://www.uy.edu.mm/e-library/

ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမများနှင့် သုတေသီများရှင့်

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်(UYL)တွင် စုဆောင်းထားရှိသော အင်္ဂလိပ်၊ မြန်မာ စာအုပ်များနှင့် eResource database များကို မိမိတို့နေအိမ်မှ UY website (https://www. uy.edu.mm/) မှတဆင့် UYLibrary (https://www.uy.edu.mm/e-library/) တွင် ရှာဖွေ နိုင်ပါသည်။ ထိုသို့ရှာဖွေရာတွင် လိုအပ်သောစာအုပ်များကို UYLibrary ရှိ Online Catalogue မှ စာရေးသူအမည်၊ စာအုပ်အမည်၊ ပညာရပ်အမည်တို့ဖြင့် အလွယ်အကူ အင်္ဂလိပ်၊ မြန်မာစာအုပ်များ ကိုလည်းရှာဖွေနိုင်ပါသည်။

Database A-Z အောက်တွင် eRsource database များမှ မိမိတို့လိုအပ်သော ebook များနှင့် article များကိုလည်း ရှာဖွေနိုင်ပါသည်။ စာငှားကောင်တာမှ ငှားရမ်းထားသော စာအုပ်များကို စာငှားရက်ထပ်တိုးခြင်း (renew) ပြုလုပ်လိုပါက email, တယ်လီဖုန်းမှ တစ်ဆင့် ပြုလုပ်နိုင်ပါသည်။

ရန်ကုန်တက္ကသိုလ်၏ Repository (uyr.uy.edu.mm) တွင် လွှင့်တင်ထားသော ပြည်တွင်း ပြည်ပသုတေသနစာစောင်များနှင့် ကျမ်းများ၏ အနှစ်ချုပ်တို့ကို pdf full-text versions ဖြင့် download ချ၍ ဖတ်ရှုနိုင်ပါသည်။

သုတ−ရသစာအုပ်များကို အသစ်ငှားရမ်းလိုပါက UYLibrary ရှိ Online Catalogue ၏ https://www.uy.edu.mm/e-library/မှ ငှားရမ်းလိုသော စာအုပ်၏ Call number (Class number, Author initial နှင့် Accession number) တို့ကို မှတ်သား၍ email, တယ်လီဖုန်းမှတစ်ဆင့် ကြိုတင်အကြောင်းကြားပြီး သတ်မှတ်သောရက်တွင် လာရောက် ငှားရမ်းနိုင်ကြောင်း အသိပေး¬အကြောင်းကြား အပ်ပါသည်။