Environmental Studies ဘွဲ့လွန်ဒီပလိုမာသင်တန်းလျှောက်လွှာခေါ်ယူခြင်း

၁။ ရန်ကုန်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အတွက် ဘွဲ့လွန်ဒီပလိုမာဘွဲ့ (Environmental Studies) (၁) နှစ်သင်တန်းကို ဖွင့်လှစ်မည် ဖြစ်ပါသည်။
(၁) သင်တန်းအမည် – Post Graduate Diploma in Environmental Studies
(၂) သင်တန်းအောင်လက်မှတ် – Post Graduate Diploma in Environmental Studies (PGDES)
(၃) သင်တန်းကာလ – (၁) နှစ်
(၄) သင်တန်းဖွင့်မည့်နေ့ရက် – ၃-၁၂-၂၀၁၈ (တနင်္လာနေ့)
(၅) လျှောက်လွှာစတင်လက်ခံမည့်နေ့ရက် – ၁၂-၁၁-၂၀၁၈ (တနင်္လာနေ့)
(၆) လျှောက်လွှာပိတ်မည့်နေ့ရက် – ၂၃-၁၁-၂၀၁၈ (သောကြာနေ့)
(၇) သင်တန်းချိန် – နံနက် (ရးဝ၀) မှ (၉းဝ၀) နာရီအထိ
(တနင်္လာနေ့မှမှ သောကြာနေ့အထိ)

၂။ ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်
(၁) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား ဖြစ်ရမည်။
(၂) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ ဖြစ်ရမည်။
(၃) ဝင်ခွင့်ရေးဖြေစာမေးပွဲကို ၂၅-၁၁-၂၀၁၈ (တနင်္ဂနွေနေ့) နံနက် (၉းဝ၀) နာရီ၊ (A-5) အခန်း၊ ရန်ကုန်တက္ကသိုလ်တွင် ဖြေဆိုရမည်။
(၄) ရြေးဖေစာမေးပွဲ အောင်မြင်ပါက လူတွေ့ဖြေဆိုခြင်းကို ၃၀-၁၁-၂၀၁၈ (သောကြာနေ့) တွင် ြဖေဆိုရမည်။
၃။ ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာကို ထုတ်ယူ၍ ၂၃-၁၁-၂၀၁၈ ရက် (သောကြာနေ့) တွင် နောက်ဆုံးထား လျှောက်ထားရမည်။
၄။ အသေးစိတ်အချက်အလက်များကို ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာန (ဖုန်း-၀၁-၅၃၄၃၉၀) တွင် (ရုံးချိန်)အတွင်း စုံစမ်းနိုင်ပါသည်။

သင်တန်းရေးရာဌာန၊ ရန်ကုန်တက္ကသိုလ်