Covid-19 အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၏ Hand Sanitizer ထုတ်လုပ်လှူဒါန်းရေး Project

“YUitganic” Project သည် ရန်ကုန်တက္ကသိုလ် Environnmental Club နှင့်ရန်ကုန်တက္ကသိုလ် Science Club တို့မှ ကျောင်းသားများ ပူးပေါင်းပါဝင် လုပ်ဆောင်လျက်ရှိသော Project ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်၊ ဓါတုဗေဒဌာန မှ ကထိက ဒေါက်တာအောင်ကျော်စွာ ၏ လမ်းညွှန်မှုနှင့်အတူ ပါမောက္ခ/ဌာနမှူး ဒေါက်တာနီနီသန်း ၏ ပံ့ပိုးကူညီမှုဖြင့် ဓါတုဗေဒဌာန၊ အင်အော်ဂဲနစ် ဓါတုဗေဒ သုတေသနဓါတ်ခွဲခန်းများတွင် လက်သန့်စင်ဆေးရည်များ ကိုယ်တိုင်ထုတ်လုပ်ပြီး လိုအပ်သောနေရာများ နှင့် ရှားပါးသောနေရာများသို့ လှူဒါန်းလျက်ရှိပါသည်။ ရန်ကုန်တက္ကသိုလ် မိသားစု၊ ကျောင်းသားကျောင်းသူများ၊ စေတနာရှင်များ၏ အလှူငွေများဖြင့် လက်သန့်ဆေးရည်အမြောက်အမြားကို အရည်အသွေးပြည့်မီစွာ ထုတ်လုပ်လှူဒါန်းလျက်ရှိပြီး ကမ္ဘောဇဘဏ်မှလည်း လီတာ (၂၀၀၀) စာ တန်ဖိုးငွေကျပ် သိန်း (၅၀) ကို ပံ့ပိုးလှူဒါန်းခဲ့ပါသည်။ ယခုအခါတွင် လက်သန့်စင်ဆေးရည် လီတာ ၃၃၀၀ ခန့်ကို ထုတ်လုပ်ပြီးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အနှံ့အပြား နှင့် တိုင်းနှင့်ပြည်နယ် ၅ ခုသို့ ဆက်သွယ်ပေးပို့လှူဒါန်းပြီးဖြစ်ပါသည်။

ကျောင်းသူကျောင်းသားများ၏ ကြိုးစားအားထုတ်မှုဖြင့် ဆောင်ရွက်လျက်ရှိသော YUitganic Project ကို ASEAN University Network ၏ Official Website တွင်လည်းဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြထားပါသည်။
http://www.aunsec.org/pressroom_news80.php