ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၆ ကို Online မှတစ်ဆင့် ကျင်းပသွားမည်။

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကာ ဆိုက်ဘာလုံခြုံရေး အသိပညာပေးဗီဒီယိုပြိုင်ပွဲ – ၂၀၂၆ ကို Online မှတစ်ဆင့် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ တက္ကသိုလ်/ ကောလိပ်များမှ အသက် ၃၀ နှစ်အောက် ကျောင်းသားကျောင်းသူများအနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာများနှင့်အတူ ပြိုင်ပွဲဝင်ဗီဒီယိုဖိုင်အား ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

ဤပြိုင်ပွဲကို ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအပေါ် အများပြည်သူအကြား သိရှိနားလည်သတိပြုမှု မြင့်မားလာစေရန်၊ ယနေ့ခေတ် ဒီဂျစ်တယ်ကမ္ဘာရှိ ခြိမ်းခြောက်မှုအန္တရာယ်များ နှင့်ပတ်သက်၍ ကျောင်းသားကျောင်းသူများအနေဖြင့် နားလည်ရလွယ်ကူပြီး လက်တွေ့အသုံးဝင် သော အသိပညာပေး ဗီဒီယိုများဖန်တီးစေရေး တွန်းအားပေးရန်၊ ကျောင်းသားကျောင်းသူများ၏ အရည်အသွေးနှင့် အရည်အချင်းများကို ပြသနိုင်စေရန်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့ အကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် လူငယ်များဦးဆောင်သော အသိပညာမြှင့်တင်ရေး အစီအစဉ်များမှတစ်ဆင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။

ချီးမြှင့်မည့်ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) ပထမဆု – ငွေကျပ် (၂၀)သိန်း နှင့် ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊

(ခ) ဒုတိယဆု – ငွေကျပ် (၁၅)သိန်း နှင့် ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊

(ဂ) တတိယဆု – ငွေကျပ် (၁၀)သိန်း နှင့် ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊

(ဃ) နှစ်သိမ့်ဆု – ငွေကျပ် (၇)သိန်း နှင့် ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊

(င) နှစ်သိမ့်ဆု – ငွေကျပ် (၇)သိန်း၊ နှင့် ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ – ၂၀၂၆ တွင် ပထမဆု ရရှိသော ဗီဒီယိုဖိုင်အား ASEAN-JAPAN Cybersecurity Awareness Video Competition -2026 သို့ နိုင်ငံကိုယ်စားပြု ပေးပို့ ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များသိရှိလိုပါက အောက်ဖော်ပြပါ Link သို့ သွားရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
https://www.mmcert.org.mm/mm/news/CAVC_2026