ဒေးဗစ်တောပညာသင်ဆုကြေညာချက်

သမိုင်းနှင့်လူမှုရေးဘာသာရပ်များကို ရန်ကုန်တက္ကသိုလ်၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ပထမနှစ်အဖြစ် စတင်တက်ရောက်ခွင့်ရရှိသည့် ဝေးလံခေါင်သီသည့် ကျေးလက်ဒေသမှ ကျောင်းသူ၊ ကျောင်းသားများအတွက် ရန်ကုန်မြို့ရှိ နော်ဝေနိုင်ငံသံရုံးနှင့် ရန်ကုန်တက္ကသိုလ်တို့ပူးပေါင်းဆောင်ရွက်ကာ ပညာသင်ဆု (၁၀) ဆု ချီးမြှင့်မည်ဖြစ်သည်။

ထောက်ပံကာလအနေဖြင့် ၂၀၁၈-၂၀၂၁ ပညာသင်နှစ်များ၏ တက္ကသိုလ်ပထမဘွဲ့ (Bachelor Degree) အတွက် တနှစ်လျှင် (၁၀) လ ချီးမြှင့်မည်ဖြစ်ပါသည်။

လျှောက်လွှာများကို (၃-၁၂-၂၀၁၈) ရက်နေ့မှ (၃၁-၁-၂၀၁၉) အတွင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ရယူလျှောက်ထားနိုင်ပါသည်။

အသေးစိတ်အချက်အလက်များပိုမိုသိရှိလိုပါက ဦးအောင်စိုး၊ လက်ထောက်မော်ကွန်းထိန်း၊ သင်တန်းရေးရာဌာန၊ ရန်ကုန်တက္ကသိုလ်ထံ စုံစမ်းနိုင်ပါသည်။

ရုံးဖုန်းနံပါတ် +၉၅ (၁) ၅၃၄၃၉၀