သင်ကြားရေး ရာထူးတိုး/ပြောင်းရွှေ့အတွက် Online Interview

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပညာရေးဝန်ကြီးဌာန

ရန်ကုန်တက္ကသိုလ်

ကြေညာချက်

၁။ ရန်ကုန်တက္ကသိုလ်သို့ တွဲဖက်ပါမောက္ခ ရာထူးတိုးလျှောက်ထားသူများနှင့် တွဲဖက်ပါမောက္ခ ရာထူးပြောင်းရွှေ့ လျှောက်ထားသူ ဆရာ၊ဆရာမများအား Online ဖြင့် Interview ပြုလုပ်သွားမည်ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ တက္ကသိုလ်၊ဒီဂရီကောလိပ်၊ ကောလိပ်များမှ ရန်ကုန်တက္ကသိုလ်သို့ တွဲဖက်ပါမောက္ခ ရာထူး တိုးမြှင့်/ပြောင်းရွှေ့လျှောက်ထားကြသည့် ဆရာ၊ဆရာမများအနေဖြင့် အောက်ဖော်ပြပါ အချက်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေးအတွက် အသိပေးနိုင်ပါရန် ညှိနှိုင်း အကြောင်းကြားအပ်ပါသည်။

ကြိုတင်သိရှိ ပြင်ဆင်ထားရမည့်အချက်များ

(က) မိမိအထူးပြုဘာသာရပ်နှင့်ပတ်သက်၍ Power Point Presentation (၁၀)မိနစ်ပြုလုပ်ရမည်။ PPTကို အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်းတင်ပြရမည်။

(ခ) ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့် နိုင်ငံ့ဝန်ထမ်းနည်းဉပဒေဆိုင်ရာ အထွေထွေဗဟုသုတများကို လေ့လာထားရန် လိုအပ်ပါသည်။

ရန်ကုန်တက္ကသိုလ်