လုပ်ငန်းရှင်များလျှောက်လွှာခေါ်ယူခြင်း

၁။       အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်တက္ကသိုလ်၊ ( ကမာရွတ်၊ လှိုင်) နယ်မြေတွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်လိုသော   ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း ( မြို့ပြလုပ်ငန်း၊  ရေသန့်လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ICT လုပ်ငန်း) များကို ဆောင်ရွက်ရန်အတွက် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား လုပ်ငန်း ရှင်များသည် ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာဌာနသို့ Online စနစ်ဖြင့် လျှောက်ထားနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ Online စနစ်ဖြင့် လျှောက်ထားရန် လိုအပ်သော ပုံစံအားရယူရန် အောက်ဖော်ပြပါ Link တွင် လိုအပ်သောအချက်အလက်များ ဖြည့်စွက်ပါ။ ထို့နောက် အင်ဂျင်နီယာဌာန၊ ရန်ကုန်တက္ကသိုလ်မှ လုပ်ငန်းရှင်လျှောက်လွှာအား Email ပြန်လည်ပေးပို့သွားမည်ဖြစ်ပါသည်။ လုပ်ငန်းရှင်လျှောက်လွှာနှင့်အတူ ရန်ကုန်တက္ကသိုလ်၊ အင်ဂျင်နီယာဌာန၏ Email- uyengoffice@uy.edu.mm သို့ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲလျက် (၂၃.၁၀.၂၀၂၀) ရက်နေ့ ညနေ (၄ : ၃၀) နာရီ နောက်ဆုံးထား၍ ပေးပို့ လျှောက်ထားနိုင်သည်။ သတ်မှတ်ချိန်ကျော်လွန်၍ လျှောက်ထားမှုများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

  •        လုပ်ငန်းရှင်၏ ကိုယ်ရေးအချက်အလက်အပြည့်အစုံ
  •        ပြစ်မှုကင်းရှင်းကြောင်းသက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ထောက်ခံချက်
  •        လုပ်ငန်းရှင်မှတ်ပုံတင်အထောက်အထား
  •        လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စာရွက်စာတမ်းများ
  •         ဆောင်ရွက်ခဲ့သည့်လုပ်ငန်းအတွေ့အကြုံစာရွက်စာတမ်းများ

          (မှတ်ချက် – စာရွက်စာတမ်းများအား ဓါတ်ပုံရိုက်၍ ပေးပို့ခြင်းမပြုပဲ Scan ပြုလုပ်ပေးပို့ရန်ဖြစ်သည်)

၂။       အသေးစိတ်အချက်အလက်များနှင့် စည်းကမ်းချက်များကို သိရှိလိုပါက ရန်ကုန်တက္ကသိုလ်၊ အင်ဂျင်နီယာ ဌာန တယ်လီဖုန်းအမှတ်- ၀၁၇၅၃၄၄၈၉ သို့ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

လုပ်ငန်းလက်ခံဆောင်ရွက်သူ လိုက်နာရမည့် စည်းကမ်းချက်များ

၁။       လုပ်ငန်းလက်ခံသူသည် အပ်နှံသည့် လုပ်ငန်းကို သတ်မှတ်ထားသော အင်ဂျင်နီယာ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်။

၂။       ပစ္စည်းမပြည့်စုံခြင်း၊  လူအင်အားမလုံလောက်ခြင်းစသည့် အကြောင်းများကြောင့် ကြန့်ကြာမှု မရှိစေဘဲ လုပ်ငန်းပြီးအောင် ဆောင်ရွက်ရန်။

၃။       အကယ်၍ မလွှဲမရှောင်သာ ကိစ္စကြောင့် လုပ်ငန်းကို သတ်မှတ်ရက်အတွင်း မပြီးနိုင်ကြောင်း  သိရလျှင် အင်ဂျင်နီယာဌာနမှတဆင့် ပါမောက္ခချုပ်ထံသို့ ချက်ချင်းစာဖြင့် ရေးသားတင်ပြ၍ သဘောတူညီချက် ရယူရန်။

၄။       လုပ်ငန်းခွင်တွင်  လုံခြုံရေး၊   ဘေးအန္တာရာယ်ကင်းရှင်းရေးနှင့်  လုပ်သားများ  စည်းကမ်းတကျ ရှိ‌ရေးကို တာဝန်ယူဆောင်ရွက်ရန်။

၅။       လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း  ခန့်မှန်းခြေပါ အတိုင်းအတာ၊ လုပ်ငန်းပမာဏ၊ လုပ်ငန်း စံချိန်စံညွှန်း၊  ပစ္စည်းအမျိုးအစား၊  ပစ္စည်းအရေအတွက်၊  မှန်ကန်ကိုက်ညီမှုရှိစေရန် လုပ်ငန်းစစ်၊ အရည်အသွေးစစ်များ မှ အခါအားလျော်စွာ စစ်ဆေးမှုကို လိုက်နာရန်။

၆။       လုပ်ငန်းအပ်နှံဆောင်ရွက်ပြီးစီးပါက လုပ်ငန်းလက်ခံသူပိုင် ပစ္စည်းများနှင့် ယန္တရားများကို ဖယ်ရှားပြောင်း ရွှေ့ပြီးနောက် လုပ်ငန်းခွင်ပတ်ဝန်းကျင်အား ရှင်းလင်းပေးသွားမည် ဖြစ်ကြောင်း ကတိပြုရန်။

၇။       လုပ်ငန်းပြီးစီးသည့်နေ့မှ တစ်လထက် နောက်မကျစေဘဲ လုပ်ငန်းအတိုင်းအတာပမာဏ၊ အသုံးပြုသည့် ပစ္စည်း၊ လုပ်အားခများ ပါဝင်သော BQ, BE, Detail Measurement, Drawing, လုပ်ငန်းပြီးစီးကြောင်းတို့ ပါဝင်သော ငွေတောင်းခံလွှာကို တင်ပြရန်။

 

ပြင်ဆင်ထိန်းသိမ်းရေးကော်မတီ

ရန်ကုန်တက္ကသိုလ်

လျှောက်လွှာရယူရန် အချက်အလက်များဖြည့်သွင်းရန်