လုပ်ငန်းရှင်ဖိတ်ခေါ်ခြင်း

၁။   ရန်ကုန်တက္ကသိုလ် ပရဝဏ်ရှိ ရတနာဆောင်ဝင်းအတွင်း သစ်ပင်ပန်းပင်များ စိမ်းလန်းစိုပြည်ရေး ဆိုင်ရာ ထိန်းသိမ်းခြင်းအတွက် မြက်ပေါင်းများ ရိတ်ခြင်း၊ ခုတ်ခြင်း၊ ပုံသွင်းခြင်း၊ လှဲကျင်းခြင်း၊ ရေလောင်းခြင်း၊ အမှိုက်များလှဲခြင်း၊ အမှိုက်များကို အမှိုက်ကားဖြင့် စွန့်ပစ်ခြင်း၊ မြက်ကွက်နေသော နေရာများတွင် မြက်များ အစားထိုးစိုက်ခြင်း၊ ပန်းအလှပြုပြင်ခြင်း၊ ရေမြောင်းတွင်း အမှိုက်များ ရှင်းလင်းခြင်း၊ အပင်များဖြတ်ခြင်း၊ ညှပ်ခြင်း၊ ပုံသွင်းခြင်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား ဖိတ်ခေါ်ပါသည်။

၂။    အဆိုပါလုပ်ငန်းများဆောင်ရွက်လိုသော လုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်တက္ကသိုလ် စီမံရေးရာ ဌာနတွင် လျှောက်လွှာပုံစံများကို (၁)စောင်လျှင်၂၀၀၀/-ကျပ်နှုန်းဖြင့် လာရောက်ဝယ်ယူ လျှောက်ထား နိုင်ပါသည်။မိမိဆောင်ရွက်မည့် စျေးနှုန်းကိုပါ တစ်ပါတည်း ရေးသွင်း တင်ပြပေးရမည် ဖြစ်ပါသည်။

(က)    တင်ဒါ စတင်ရောင်းချမည့်နေ့                            ( ၁၁. ၂ .၂၀၂၀ )ရက်      နံနက် (၉;၃၀)နာရီ

(ခ)      တင်ဒါ ပိတ်မည့်နေ့                                             ( ၂၅ . ၂ .၂၀၂၀ )ရက် မွန်းလွဲ (၂;၀၀)နာရီ

(ဂ)      တင်ဒါ ဖွင့်မည့်နေ့                                                ( ၂၇ . ၂ .၂၀၂၀ )ရက် မွန်းလွဲ (၂;၀၀)နာရီ