လုပ်ငန်းရှင်ဖိတ်ခေါ်ခြင်း

၁။   ရန်ကုန်တက္ကသိုလ်၊ အဓိပတိလမ်းဝဲ/ယာနှင့် ဘွဲ့နှင်းသဘင်လမ်းဝဲ/ယာရှိ ရိတ်ထားသော ၊ ခုတ်ထားသော မြက်ပေါင်းများ လှဲကျင်းခြင်း၊ ရေလောင်းခြင်း၊ အမှိုက်များလှဲခြင်း၊ အမှိုက်များစွန့်ပစ်ခြင်း၊ မြက်ကွက်နေသော နေရာများတွင် မြက်များအစားထိုးစိုက်ခြင်း၊ ရေမြောင်းတွင်း အမှိုက်များရှင်းလင်းခြင်း၊ အပင်များဖြတ်ခြင်း၊ ညှပ်ခြင်း၊ ပုံသွင်းခြင်းများ ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ အား ဖိတ်ခေါ်ပါသည်။

၂။    အဆိုပါလုပ်ငန်းများဆောင်ရွက်လိုသော လုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်တက္ကသိုလ် စီမံရေးရာ ဌာနတွင် လျှောက်လွှာပုံစံများကို (၁)စောင်လျှင်၂၀၀၀/-ကျပ်နှုန်းဖြင့် လာရောက်ဝယ်ယူ လျှောက်ထား နိုင်ပါသည်။မိမိဆောင်ရွက်မည့် စျေးနှုန်းကိုပါ တစ်ပါတည်း ရေးသွင်း တင်ပြပေးရမည် ဖြစ်ပါသည်။

(က)    တင်ဒါ စတင်ရောင်းချမည့်နေ့                            ( ၁၈. ၂ .၂၀၂၀ )ရက်     နံနက် (၉;၃၀)နာရီ

(ခ)      တင်ဒါ ပိတ်မည့်နေ့                                            ( ၂၆. ၂ .၂၀၂၀ )ရက်  မွန်းလွဲ (၂;၀၀)နာရီ

(ဂ)      တင်ဒါ ဖွင့်မည့်နေ့                                              ( ၂၇. ၂ .၂၀၂၀ )ရက်  မွန်းလွဲ (၂;၀၀)နာရီ