ရန်ကုန်တက္ကသိုလ် ကြေညာချက် (၁/၂၀၂၀)

၁။ ရန်ကုန်တက္ကသိုလ်၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့တွင် စတင်ပြုလုပ်မည့် စာမေးပွဲအားဖြေဆိုမည့် ကျောင်းသား/သူများသည် ဖြေဆိုရမည့်ဘာသာရပ်များ အားလုံး ပြီးဆုံးအောင် ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲ စည်းမျဉ်း အရဆောင်ရွက်မည် ဖြစ်သည်။

၂။ COVID-19 ကို စိုးရိမ်၍ ဖြေဆိုလိုခြင်း မရှိပါက ၂၀၂၀ ခုနှစ် ဇွန်လဆန်းတွင် အစားထိုး စာမေးပွဲကို ကျင်းပပြုလုပ်ပေးမည် ဖြစ်ပါသည်။

၃။ အစားထိုးဖြေဆိုမည့်သူများသည် ယနေ့မှ စတင်သော စာမေးပွဲတွင် ဖြေဆိုရမည့် ဘာသာရပ်များအားလုံးကို ဝင်ရောက်ဖြေဆိုခြင်း မပြုရန် အသိပေးကြေညာ လိုက်သည်။

 

ပညာရေးအဖွဲ့

ရန်ကုန်တက္ကသိုလ်