ရန်ကုန်တက္ကသိုလ်တွင် ဆရာ၊ ဆရာမများအတွက် အွန်လိုင်းစနစ်ဖြင့်သင်တန်းပို့ချခြင်း (The First Online Teacher Training Course Offered at University of Yangon)

တက္ကသိုလ် ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာသင်တန်းကိုအွန်လိုင်းစနစ်ဖြင့် အင်္ဂလိပ်ဘာသာ စကားအမျိုးသားဗဟိုဌာနနှင့် ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတို့ကပူးပေါင်း၍  ၂၀၂၀ပြည့်နှစ် မေလ (၄)ရက်နေ့မှ (၂၉)ရက်နေ့အထိ ပထမဆုံးပို့ချလျက်ရှိပါသည်။

သင်တန်းကို ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၅ခုနှစ်နှင့် ၎င်းနှစ်နောက်ပိုင်းတွင် ခန့်အပ်သော အင်္ဂလိပ်စာဘာသာရပ် ဆရာဆရာမများမှအပ ကျန်ဘာသာရပ် (၂၁)ခုမှ ဆရာ၊ဆရာမ (၉၁)ဦး တက်ရောက်လျက်ရှိပါသည်။

၎င်းသင်တန်းကို တက္ကသိုလ်ဆရာ၊ ဆရာမများ၏ ဘာသာစကား စွမ်းရည်မြှင့်တင်ပေးရန်၊ Presentation များကို ထိရောက်စွာဆောင်ရွက်နိုင်စေရန်၊ Presentation များ၊ Workshop များ၊ Seminar များတွင် ကောင်းမွန်စွာ ပါဝင်ဆွေးနွေးနိုင်စေရန်၊ စာသင်ခန်းသုံးဘာသာစကား အသုံးပြု၍ စာသင်ခန်းကိုစီမံခန့်ခွဲတတ်စေရန်၊ ဆန်းစစ်နည်းမျိုးစုံဖြင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပို့ချခြင်းဖြစ်ပါသည်။

သင်တန်းတွင် သင်တန်းသားများကို အခန်း(၄)ခန်းခွဲ ကာသင်ကြားပြီး သင်တန်းသားများကို ကျောင်းသားဗဟိုပြုအပြန်အလှန်ဆွေးနွေးသည့် နည်းစနစ်ဖြင့် သင်ကြားပို့ချပါသည်။

သင်တန်းသားများအား သင်တန်း မစတင်မီလိုအပ်သော ညွှန်ကြားချက်များကို အီးလ်မေးဖြင့် ကြိုတင် ပေးပို့ပြီး သင်တန်းအကြိုသိသင့်သည်များကို Orientation(၄)ကြိမ်ခွဲ၍ ပို့ချခဲ့ပါသည်။

သင်တန်းသည် (၄)ပတ်ကြာမြှင့်မည်ဖြစ်ပြီး Microsoft Teams Application ကိုအသုံးပြု၍ သင်ကြား ပို့ချခြင်းဖြစ်ပါသည်။

သင်တန်းသားများသည် နေ့စဉ် (တနင်္လာနေ့မှ သောကြာနေ့အထိ) တစ်နေ့လျှင် (၃)နာရီကြာ အွန်လိုင်းရှိစာသင်ခန်းတွင် အခြားသင်တန်းသားများ နှင့်အတူ ပူးပေါင်းလေ့လာသင်ယူခွင့် ရရှိ ပါသည်။ ထို့အပြင် နှစ်ဦးတွဲ၊ အဖွဲ့လိုက် လေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ ဆွေးနွေးခြင်း၊ Quiz များဖြေဆိုခြင်းတို့ကိုလုပ်ဆောင်စေမည်ဖြစ်ပြီး အခြားအွန်လိုင်းတွင်ရနိုင်သော Digital Resources ကိုအသုံးပြုပြီး မိမိကိုယ်တိုင်လေ့ကျင့်မှုများလည်း ပြုလုပ်စေမည် ဖြစ်ပါသည်။

သင်တန်းကိုအောင်မြင် ပြီးမြောက်ပြီး လိုအပ်သောအရည်အချင်းပြည့်မီသည့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များချီးမြှင့်မည်ဖြစ်ပါသည်။

နောင်တွင် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ အင်္ဂလိပ်စာဆရာ၊ဆရာမ မဟုတ်သည့် ဆရာ၊ဆရာမများအတွက် အလားတူ အွန်လိုင်းသင်တန်းများ ကိုဆက်လက် ပို့ချသွားမည်ဖြစ်ပါသည်။

 

The first online English Language Course for Higher Education Teachers (1/2020) is being jointly offered by the National Centre for English Language and English Department, University of Yangon from 4thto 29thMay 2020.

It is offered for non-English teachers appointed in 2015 and beyond at the University of Yangon and altogether 91 faculty members from 21 disciplines are attending the course.

The course aims to upgrade the language proficiency of the university teachers; to train them to be able to do presentations effectively and participate in presentations, workshops, and seminars; to acquaint them with classroom language and management; to familiarize them with different modes of assessment.

During the training, the trainees are formed into four different sections in which they are engaged in their learning through the student-centred interactive approach.

The trainees are given guidelines for the online course via email in advance before the course and orientation was provided to participants in four different sessions.

The training is a four-week course conducted by using the Microsoft Teams Application. Trainees will have an opportunity to do collaborative learning with their peers in the virtual classroom for three hours a day. Moreover, trainees are assigned to do pair work and group work activities, discussions, quizzes and are given loads of digital resources for their self-learning.

Participants who have successfully completed the course and who have fulfilled the requirements of the course will be awarded certificates.

More online training courses will continue to be offered in the future for non-English teachers from universities, degree colleges, and colleges under the Ministry of Education.