ပါရဂူ(PhD) သင်တန်းသားများခေါ်ယူခြင်း

၁။       ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပါရဂူဘွဲ့ (PhD) သင်တန်းကို အောက်ဖော်ပြပါ အထူးပြုဘာသာရပ်များဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်-

(က)    မြန်မာစာ                             (ဋ)      ရှေးဟောင်းသုတေသနပညာ

(ခ)      အင်္ဂလိပ်စာ                          (ဌ)      စာကြည့်တိုက်နှင့်သုတပညာ

(ဂ)      ပထဝီဝင်                             (ဍ)      ဓာတုဗေဒ

(ဃ)    သမိုင်း                                (ဎ)      ရူပဗေဒ

(င)      ဒဿနိကဗေဒ                      (ဏ)    သင်္ချာ

(စ)      စိတ်ပညာ                            (တ)    သတ္တဗေဒ

(ဆ)    ဥပဒေပညာ                          (ထ)    ရုက္ခဗေဒ

(ဇ)      အရှေ့တိုင်းပညာ                   (ဒ)      ဘူမိဗေဒ

(ဈ)     နိုင်ငံတကာဆက်ဆံရေးပညာ   (ဓ)      ကုန်ထုတ်ဓာတုဗေဒ

(ည)    မနုဿဗေဒ                          (န)      ကွန်ပျူတာသိပ္ပံပညာ

(ပ)      အဏုဇီဝဗေဒ

၂။         ပါရဂူဘွဲ့ (PhD) သင်တန်းတက်ရောက်ရန် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံသူများ လျှောက်ထား နိုင်ပါသည်-

(က) ပါရဂူဘွဲ့သင်တန်းတက်ရောက်ခွင့်လျှောက်ထားသူသည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

(ခ)      ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(လုပ်ငန်းခွင်အတွေ့အကြုံရှိသူများကိုအသက်ကန့်သတ်ချက် လျှော့ပေါ့စဉ်းစားမည်။)

(ဂ)      ပါရဂူဘွဲ့အကြိုသင်တန်းကို အချိန်ပြည့်တစ်နှစ် တက်ရောက်နိုင်သူဖြစ်ရမည်။

(ဃ)    ဝင်ခွင့်လျှောက်ထားသူ၏ အရည်အချင်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ပညာရေးဝန်ကြီးဌာနဝန်ထမ်းများအတွက်

(၁)      အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ်နယ်ပယ်၌ အနိမ့်ဆုံးမဟာဘွဲ့အောင်မြင်သူဖြစ်ရမည်။ ဘာသာရပ်ဆိုင်ရာ (၃)နာရီ မေးခွန်းနှင့် အင်္ဂလိပ်စာ (၃)နာရီမေးခွန်း ဝင်ခွင့်စာမေးပွဲဖြေဆို အောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်းအောင်မြင်သူများ ကိုသာ လက်ခံမည်။

 

(၂)      အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ မဟာသုတေသနဘွဲ့ ရရှိထားသူများသည် (ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်မလိုပါ) လူတွေ့စစ်ဆေးခြင်းကို ဖြေဆိုအောင်မြင်ရမည်။

(၃)      တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ နည်းပြ၊ သရုပ်ပြဖြစ်ပါက နည်းပြ၊ သရုပ်ပြ ရာထူးတွင် လုပ်သက်(၁)နှစ် အနည်းဆုံးရှိရမည်။

(၄)      တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများ မဟုတ်သော ပညာရေး ဝန်ထမ်းများဖြစ်လျှင် နည်းပြ၊ သရုပ်ပြနှင့် အဆင့်တူရာထူးတွင် လုပ်သက်(၂)နှစ် အနည်းဆုံး ရှိသူဖြစ်ရမည့်အပြင် လျှောက်ထားသူသည် သုတေသနဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေသူဖြစ်ပြီး ပါရဂူဘွဲ့သင်တန်းတက်ရောက်ခွင့်ပြုခြင်းဖြင့် ဌာနဆိုင်ရာလုပ်ငန်းတွင် တိုက်ရိုက်အကျိုးပြုနိုင် ကြောင်း သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲက ထောက်ခံသူဖြစ်ရမည်။

(၅)      ပါရဂူကြိုသင်တန်းတက်ရောက်ခွင့်ရရှိပါကသက်ဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (သို့မဟုတ်) သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးထံမှ အချိန်ပြည့်(၁)နှစ် တက်ရောက်ခွင့်ပြုနိုင်ကြောင်း ထောက်ခံစာတင်ပြရမည်။

 

အခြားဝန်ကြီးဌာနဝန်ထမ်းများအတွက်

(၁)      အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ် နယ်ပယ်၌ အနိမ့်ဆုံးမဟာဘွဲ့အောင်မြင်သူဖြစ်ရမည်။ ဘာသာရပ် ဆိုင်ရာ(၃)နာရီမေးခွန်း နှင့် အင်္ဂလိပ်စာ(၃)နာရီမေးခွန်း ဝင်ခွင့်စာမေးပွဲဖြေဆို အောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်း အောင်မြင်သူများကိုသာလက်ခံမည်။

(၂)      အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ မဟာသုတေသနဘွဲ့ ရရှိထားသူများသည် (ဝင်ခွင့် စာမေးပွဲဖြေဆိုရန်မလိုပါ) လူတွေ့စစ်ဆေးခြင်းကို ဖြေဆိုအောင်မြင် ရမည်။

(၃)      အနိမ့်ဆုံး နည်းပြ၊ သရုပ်ပြ (သို့မဟုတ်) ယင်းနှင့်အဆင့်တူ ရာထူးတွင် လုပ်သက်(၂)နှစ် အနည်းဆုံး ရှိရမည်။

(၄)      ပါရဂူကြိုသင်တန်းတက်ရောက်ခွင့်ရရှိပါက သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံမှ အချိန်ပြည့် (၁)နှစ် တက်ရောက်ခွင့်ပြုကြောင်းထောက်ခံစာတင်ပြရမည်။

 

နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက်

အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ် နယ်ပယ်၌ အနိမ့်ဆုံးမဟာသုတေသနဘွဲ့ရရှိပြီးသူဖြစ်ရမည်။ မဟာသုတေသနဘွဲ့ အတွက် ပြုလုပ်ခဲ့သော သုတေသနအကျဉ်းချုပ်နှင့် ပါရဂူဘွဲ့သင်တန်းတွင် ဆောင်ရွက်လိုသော သုတေသန နယ်ပယ်အဆိုပြုချက် (ကွန်ပျူတာစာစီ၍ စာမျက်နှာ(၃)မျက်နှာ ထက်မပိုသော)ကို လျှောက်လွှာ နှင့် အတူ ပူးတွဲတင်ပြရမည်။ လူတွေ့ စစ်ဆေးခြင်းကို ဖြေဆိုအောင်မြင်ရမည်။

 

၃။       ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် (၁၇-၅-၂၀၁၉) ရက်(သောကြာနေ့) နောက်ဆုံးထား၍ လျှောက်ထားရမည်။

၄။       လျှောက်ထားသူများသည် ရန်ကုန်တက္ကသိုလ်တွင် ပါရဂူဘွဲ့(PhD) သင်တန်းဝင်ခွင့် စာမေးပွဲကို အောက်ပါ အတိုင်း ဝင်ရောက်ဖြေဆိုရမည်။

(က)      ၂၀ -၅-၂၀၁၉ (တနင်္လာနေ့) ဝ၉:ဝ၀ နာရီမှ   ၁၂:ဝ၀နာရီ  သက်ဆိုင်ရာဘာသာရပ်

(ခ)       ၂၁-၅-၂၀၁၉ (အင်္ဂါနေ့) ဝ၉:ဝ၀ နာရီမှ   ၁၂:ဝ၀နာရီ  အင်္ဂလိပ်စာဘာသာရပ်

၅။       ရေးဖြေစာမေးပွဲ အောင်မြင်သူများနှင့် မဟာသုတေသနဘွဲ့ရှိထားသူများကို (၂၈-၅-၂၀၁၉) ရက်           (အင်္ဂါနေ့) တွင် လူတွေ့စစ်ဆေးမည်။

၆။ အသေးစိတ်အချက်အလက်များကို ဘာသာရပ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဘာသာရပ် ပါမောက္ခ(ဌာနမှူး)များ ထံတွင်လည်းကောင်း၊ သင်တန်းဝင်ခွင့်နှင့်စပ်လျဉ်း၍ (ဖုန်းနံပါတ်-၅၃၄၀၉၈) ထံတွင် လည်းကောင်း စုံစမ်းနိုင်ပါ သည်။

 

မော်ကွန်းထိန်း(သင်တန်းရေးရာ)

ရန်ကုန်တက္ကသိုလ်