ပါရဂူ(ဝါရင့်) သင်တန်းဝင်ခွင့်

၁။       ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပါရဂူ(ဝါရင့်) သင်တန်းဝင်ခွင့် (လူတွေ့ စစ်ဆေး) စာမေးပွဲဖြေဆိုရန် လျှောက်လွှာများ တင်သွင်းနိုင်ရန် အကြောင်းကြားပါသည်။ အောက်ဖော်ပြပါ အထူးပြုဘာသာရပ်များဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်-

(က) မြန်မာစာ (ဋ) ရှေးဟောင်းသုတေသနပညာ
(ခ) အင်္ဂလိပ်စာ (ဌ) စာကြည့်တိုက်နှင့်သုတပညာ
(ဂ) ပထဝီဝင် (ဍ) ဓာတုဗေဒ
(ဃ) သမိုင်း (ဎ) ရူပဗေဒ
(င) ဒဿနိကဗေဒ (ဏ) သင်္ချာ
(စ) စိတ်ပညာ (တ) သတ္တဗေဒ
(ဆ) ဥပဒေပညာ (ထ) ရုက္ခဗေဒ
(ဇ) အရှေ့တိုင်းပညာ (ဒ) ဘူမိဗေဒ
(ဈ) နိုင်ငံတကာဆက်ဆံရေးပညာ (ဓ) ကုန်ထုတ်ဓာတုဗေဒ
(ည) မနုဿဗေဒ (န) ကွန်ပျူတာသိပ္ပံပညာ
    (ပ) အဏုဇီဝဗေဒ

၂။       သင်တန်းအတွက်အရည်အချင်းသတ်မှတ်ချက်မှာ အဆင့်မြင့်ပညာဦးစီးဌာန၏(၂၄-၅-၂၀၁၆) ရက်စွဲပါ စာအမှတ်၊ အဆင့်မြင့်/ရုံးချုပ်/စီမံ/ပါရဂူဝင်ခွင့်မူ/၂၀၁၆(၂၄၂၈) ပါသတ်မှတ်ချက်များ အတိုင်းဖြစ်ပါသည်။

၃။       ပါရဂူ(ဝါရင့်) သင်တန်းဝင်ခွင့် လျှောက်လွှာများကို   ၂၃-၅-၂၀၁၉ ရက် (ကြာသပတေးနေ့) နောက်ဆုံး ထား၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် တင်သွင်းရမည်ဖြစ်ပါသည်။

၄။       ဝင်ခွင့်(လူတွေ့စစ်ဆေးခြင်း)ကို ၂၈-၅-၂၀၁၉ ရက် (အင်္ဂါနေ့)တွင် သက်ဆိုင်ရာ ဘာသာရပ်ဌာန အသီးသီး၌ ဖြေဆိုရမည်ဖြစ်ပါသည်။

မော်ကွန်းထိန်း၊သင်တန်းရေးရာဌာန

ရန်ကုန်တက္ကသိုလ်