ကြေညာချက်

၁။ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)၊ ကေတုမတီဆောင်တွင် လုံခြုံရေးလုပ်ငန်း ဆောင်ရွက်ရန် အတွက် စိတ်ပါဝင်စားသော မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါ ပုံစံနှင့် စည်းကမ်း သတ်မှတ်ချက် တစ်စုံလျှင်(၂၀၀၀/-) ကျပ်နှုန်းဖြင့် ရန်ကုန်တက္ကသိုလ် ငွေလက်ခံဌာန၌ ငွေသွင်း၍ စီမံရေးရာဌာနတွင် အိတ်ဖွင့်တင်ဒါ ပုံစံရယူ၍ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် –
(က) တင်ဒါ စတင်ရောင်းချမည့်ရက် – ၁၂ – ၈ – ၂၀၂၀ ( ဗုဒ္ဓဟူးနေ့ )
အချိန် – ( ၁၀;၀၀ ) နာရီ
(ခ) တင်ဒါ ပိတ်မည့်ရက် – ၂၇ – ၈ – ၂၀၂၀ ( ကြာသပတေးနေ့ )
အချိန် – ( ၁၄;၀၀ ) နာရီ
(ဂ) တင်ဒါဖွင့်လှစ်မည့်ရက် – ၂၈ – ၈ – ၂၀၂၀ ( သောကြာနေ့ )
အချိန် – ( ၁၅;၀၀ ) နာရီ

၂။ အသေးစိတ်အချက်အလက်များနှင့် စည်းကမ်းသတ်မှတ်ချက်များအား သိရှိလိုပါက ရန်ကုန်တက္ကသိုလ် စီမံရေးရာဌာနတွင် လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ် – ၀၁-၅၃၅၇၅၁၊ ၀၁-၅၃၂၃၁၀ သို့ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
၃။ တင်သွင်းလာသော အိတ်ဖွင့်တင်ဒါ လျှောက်လွှာများကို အိတ်ဖွင့်တင်ဒါ စိစစ်ရွေးချယ်အဖွဲ့သို့ တင်သွင်းရမည်။ စည်းကမ်းသတ်မှတ်ချက်နှင့် မကိုက်ညီသော တင်သွင်းလွှာများကို အဖွဲ့ကပယ်ဖျက်ပိုင်ခွင့်ရှိ သည်။ တင်သွင်းလာသည့် မည်သည့် လျှောက်လွှာကိုမဆို မည်သည့်အကြောင်းပြချက်မှ ပြသရန်မလိုဘဲ အဖွဲ့က ငြင်းပယ်ပိုင်ခွင့်ရှိသည်။

အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့
ရန်ကုန်တက္ကသိုလ်