ကြေညာချက်

ရန်ကုန်တက္ကသိုလ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အောက်ဖော်ပြပါ ပြင်ဆင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လိုပါသဖြင့် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များသည် တင်ဒါပုံစံတစ်စောင်လျှင် သတ်မှတ်ထားသော နှုန်းထားဖြင့် ဘဏ္ဍာဌာနသို့ ပေးသွင်း၍ ဝယ်ယူနိုင် ပါသည်။ တင်ဒါပုံစံများကို ( ၁၀.၇.၂၀၂၀ )နေ့တွင် စတင်ရောင်းချမည်ဖြစ်ပြီး ( ၂၄.၇.၂၀၂၀ )ရက်နေ့၊ မနက်( ၉:၃၀ )နာရီမှ ညနေ( ၄:၃၀ ) နာရီနောက်ဆုံးထား၍ တင်ဒါတင်သွင်းကြပါရန် ကြေညာ အပ်ပါသည်-
ဖော်ပြရန် စာရွက်စာတမ်းများ
(၁) ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံ စာရွက်စာတမ်းများ
(၂) လုပ်ငန်းရှင်၏ကိုယ်ရေးအချက်အလက်အပြည့်အစုံ
(၃) ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာမြို့နယ်ထောက်ခံချက်
ဆောင်ရွက်လိုသောလုပ်ငန်းများမှာ –
(၁) ရန်ကုန်တက္ကသိုလ်အတွင်းရှိ ဒဂုံဆောင်( ယာ )လမ်း ကျောက်ကတ္တရာဖြင့် လမ်း သား ပြုပြင်ပြီး ကတ္တရာ ကွန်ကရိ ခင်းခြင်း လုပ်ငန်း
(၂) ရန်ကုန်တက္ကသိုလ် သထုံလမ်း တင်းနစ်ကွင်း အမှတ်( ၄ ) ( ၅ ) ( ၆ ) နှင့် တင်းနစ် ကွင်း အမှတ် ( ၇ ) ( ၈ ) ( ၉ )တို့ကို ကာရံထားသည့် ပျက်စီးနေသော အုတ်နံရံကြီး အား ဖျက်သိမ်းပြီး နံရံအသစ် ပြုပြင်ခြင်း လုပ်ငန်း( 165′-0″x 8′-6″ )
(၃) ရန်ကုန်တက္ကသိုလ်၊ သထုံဆောင်ရှေ့ ခြံစည်းရိုး ပြုပြင်ခြင်း လုပ်ငန်း
(၄) ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာဆောင် လုံခြုံရေး မီးနှင့် လျှောက်လမ်း မီးများ ပြုပြင်ခြင်း လုပ်ငန်း
(၅) ရန်ကုန်တက္ကသိုလ်၊ သိပ္ပံဆောင် လုံခြုံရေး မီးနှင့် လျှောက်လမ်း မီးများ ပြုပြင်ခြင်း လုပ်ငန်း
(၆) ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင် အဆောက်အဦအတွင်း နံရံများ ရေဆေး၊ ဆီ ဆေး သုတ်ခြင်းနှင့် ခန်းမကြီး၊ စင်မြင့် ပေါ်လစ်တင်ခြင်း လုပ်ငန်း
(၇) ရန်ကုန်တက္ကသိုလ်၊ ကျောင်းသား/ကျောင်းသူ အိပ်ဆောင် (၁၀)ဆောင်တွင် Net work ပြုပြင်ခြင်း လုပ်ငန်း
(၈) ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေတွင် Network ပြုပြင်ခြင်း လုပ်ငန်း
အသေးစိတ် အချက်အလက်များကို ရန်ကုန်တက္ကသိုလ်၊ အင်ဂျင်နီယာဌာနသို့ လူကိုယ်တိုင် ဖြစ်စေ တယ်လီဖုန်းအမှတ် ၀၁၇-၅၃၄၄၈၉ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါသည်။
တင်သွင်းလာသော တင်ဒါလျှောက်လွှာများကို တင်ဒါစိစစ် ရွေးချယ်ရေးအဖွဲ့သို့ တင်သွင်း ရမည်။ စည်းကမ်းချက်နှင့် မကိုက်ညီသော တင်သွင်းလွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။ တင်သွင်း လာသည့် မည်သည့် အဆိုပြုလွှာကိုမဆို လုပ်ငန်းစဉ်တင်ပြမှုများအပေါ် အခြေခံ၍ စဉ်းစားမည် ဖြစ်ပါသည်။
တင်ဒါရွေးချယ်မည့် အချိန်အား ပြန်လည် ကြေညာသွားပါမည်။