ကြေညာချက်

ရန်ကုန်တက္ကသိုလ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အောက်ဖော်ပြပါ ပြင်ဆင်ထိန်းသိမ်း ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လိုပါသဖြင့် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များသည် တင်ဒါပုံစံတစ်စောင် လျှင် သတ်မှတ်ထားသော နှုန်းထားဖြင့် ဘဏ္ဍာဌာနသို့ ပေးသွင်း၍ ဝယ်ယူနိုင်ပါသည်။ တင်ဒါပုံစံများကိုများကို ( ၁၀.၇.၂၀၁၉ ) နေ့တွင် စတင်ရောင်းချမည်ဖြစ်ပြီး ( ၂၉.၇.၂၀၁၉ )ရက်နေ့၊ မနက်( ၉:၃၀ )နာရီမှ ညနေ( ၄:၃၀ ) နာရီနောက်ဆုံးထား၍ တင်ဒါတင်သွင်းကြပါရန် ကြေညာအပ်ပါသည်-

ဖော်ပြရန်စာရွက်စာတမ်းများ
(၁) ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံ စာရွက်စာတမ်းများ
(၂) လုပ်ငန်းရှင်၏ကိုယ်ရေးအချက်အလက်အပြည့်အစုံ
(၃) ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာမြို့နယ်ထောက်ခံချက်

ဆောင်ရွက်လိုသောလုပ်ငန်းများမှာ –

(၁) ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း Ground Penetrating Radar Survery ( GPR ) တိုင်းတာခြင်း လုပ်ငန်း
(၂) ရန်ကုန်တက္ကသိုလ်( လှိုင်နယ်မြေ ) လူသွားစင်္ကြန်လျှောက်လမ်း ပြုပြင်ခြင်းလုပ်ငန်း
(၃) ရန်ကုန်တက္ကသိုလ်၊ အပန်းဖြေရိပ်သာ ( RC ) အမိုးအား အမိုး ပြုပြင်ခြင်းလုပ်ငန်း
(၄) ရန်ကုန်တက္ကသိုလ်၊ သုတသေန ဗဟိုဌာန မြေညီထပ် Granite Floor ပြုပြင်ခြင်းလုပ်ငန်း
(၅) ရန်ကုန်တက္ကသိုလ်၊ သုတသေန ဗဟိုဌာန မြေညီထပ် Aluminum နှင့် မှန်နံရံ ပြုပြင်ခြင်း လုပ်ငန်း

အသေးစိတ်အချက်အလက်များကို ရန်ကုန်တက္ကသိုလ်၊ အင်ဂျင်နီယာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းအမှတ် ဝ၁-၅၃၄၄၈၉ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါသည်။
တင်သွင်းလာသော တင်ဒါလျှောက်လွှာများကို တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့သို့ တင်သွင်းရမည်။ စည်းကမ်းချက်နှင့် မကိုက်ညီသော တင်သွင်းလွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။ တင်သွင်းလာသည့် မည်သည့် အဆိုပြုလွှာကိုမဆို လုပ်ငန်းစဉ်တင်ပြမှုများအပေါ် အခြေခံ၍ စဉ်းစားမည်ဖြစ်ပါသည်။
တင်ဒါရွေးချယ်မည် အချိန်အား ပြန်လည်ကြေညာသွားမည် ဖြစ်ပါသည်။