အလှကုန်လုပ်ငန်းအတတ်ပညာ (Certificate in Cosmetic Technology) သင်တန်း

ရန်ကုန်တက္ကသိုလ်

အလှကုန်လုပ်ငန်းအတတ်ပညာ (Certificate in Cosmetic Technology) သင်တန်း

လျှောက်လွှာ ခေါ်ယူခြင်း

၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် အလှကုန်လုပ်ငန်းအတတ်ပညာ (Certificate in Cosmetic Technology) သင်တန်းကို ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပါသည်။

 

၂။ အထက်ပါသင်တန်းကို အောက်ပါအရည်အချင်းနှင့်ပြည့်စုံသူများလျှောက်ထားနိုင်ပါသည်-

(က) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ရရှိပြီးသူ ဖြစ်ရမည်။

(ခ) အစိုးရဝန်ထမ်းနှင့် အခြားလုပ်ငန်းတွင်အလုပ်လုပ်သူဖြစ်ပါက ဌာန/လုပ်ငန်းဆိုင်ရာ အကြီးအကဲ (ညွှန်ကြားရေးမှူးချုပ်/ဦးဆောင်ညွှန်ကြား‌ရေးမှူး)က တက်ရောက်ခွင့်ပြု ကြောင်း ထောက်ခံချက် ပါရှိရမည်။

 

၃။ သင်တန်းစတင်ဖွင့်လှစ်မည့်ရက်မှာ (၃-၁၂-၂၀၁၉) ဖြစ်ပါသည်။ သင်တန်းကာလမှာ (၃)လ ဖြစ်ပြီး သင်တန်းချိန်မှာ (နံနက် ၇ နာရီ မှ ၉ နာရီ)အထိ ဖြစ်ပါသည်။

 

၄။ အသေးစိတ်အချက်အလက်များကို ကုန်ထုတ်ဓာတုဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်တွင် စုံစမ်းနိုင် ပါသည်။

 

၅။ ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် (၁-၁၁-၂၀၁၉ ရက် မှ ၂၂-၁၁-၂၀၁၉ ရက်နေ့)အထိ လျှောက်ထားနိုင်ပါသည်။