ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ပထမအကြိမ်အလှူငွေပေးအပ်ပွဲ

မကြာမီတွင် သက်တမ်း နှစ် ၁၀၀ ရှိလာတော့မည့် ရန်ကုန်တက္ကသိုလ်ကို နိုင်ငံ တကာအဆင့်မီတက္ကသိုလ်တစ်ခု ဖြစ်လာစေရန်အတွက် ရန်ကုန်တက္ကသိုလ် ပြုပြင် မွှမ်းမံရေးနှင့်အဆင့်မြှင့်တင်ရေးအဖွဲ့က ဦးဆောင်၍ မိတ်ဖက်တက္ကသိုလ်များနှင့် ပူးပေါင်းကာ ရေတို (၂၀၁၈-၂၀၂၀) ရေရှည် (၂၀၁၈-၂၀၃၀) ရည်မှန်းချက်များနှင့် Master Plan ကို ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိပါသည်။

လုပ်ငန်းများကို ထိရောက်စွာအကောင်အထည် ဖော်နိုင်ရန်အတွက် ရန်ကုန် တက္ကသိုလ် ပညာရေးအဆင့်မြှင့်တင်မှုကော်မတီ (Software Committee) နှင့် ရန်ကုန် တက္ကသိုလ် အခြေခံအဆောက်အအုံနှင့်ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရေးကော်မတီ (Hardware Committee) တို့ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်။

ရန်ကုန်တက္ကသိုလ်၏နှစ် ၁၀၀ ပြည့်အမီ လုပ်ဆောင်ရမည့်လုပ်ငန်းများကို ရေတို ရည်မှန်းချက်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့အကောင် အထည်ဖော်ရာ၌ နိုင်ငံတော်၏ပံ့ပိုးမှုအပြင် ပြည်တွင်းနှင့် ပြည်ပ စီးပွားရေးလုပ်ငန်းရှင် များ၊ ပြည်တွင်းနှင့် ပြည်ပရောက် ကျောင်းသားဟောင်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ကျောင်းသား၊ ဆရာ၊ မိဘများ၊ မြို့မိမြို့ဖများထံမှ ပါဝင်လှူဒါန်းမှုကိုပါ လက်ခံပြီး ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စနစ်တကျစီမံခန့်ခွဲ၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ရန်ကုန် တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်၊ ရန်ကုန်တက္ကသိုလ်ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့် တင်ရေး ပထမအကြိမ်အလှူငွေပေးအပ်ပွဲ အခမ်းအနားကို (၄-၂-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁) နာရီတွင် ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တက္ကသိုလ်ပြုပြင်မွှမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီဥက္ကဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဌ၊ ရန်ကုန် တက္ကသိုလ်ပညာရေးအဆင့်မြှင့်တင်မှုကော်မတီဥက္ကဌ၊ ရန်ကုန်တက္ကသိုလ် အခြေခံ အဆောက်အအုံနှင့် ပစ္စည်းကိရိယာများအဆင့်မြှင့်တင်ရေးကော်မတီ ဥက္ကဌ၊ ဘာသာရပ် ဌာနအသီးသီးမှ ဖိတ်ကြားထားသော ကျောင်းသား/ကျောင်းသူဟောင်းများ၊ အလှူရှင် များတက်ရောက်ခဲ့ကြပါသည်။  ပထမအကြိမ်အလှူငွေပေးအပ်ပွဲတွင် အလှူရှင် (၃၂) ဦးထံမှ အလှူငွေ စုစုပေါင်း (၂၀၅) သိန်းကျပ် တိတိကို လက်ခံရရှိခဲ့ပါသည်။

အလှူငွေများကို ရန်ကုန်တက္ကသိုလ်သို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်သည့် အပြင် အောက်ဖေါ်ပြပါ ဘဏ်စာရင်းများတွင်လည်း ပေးပို့ထည့်ဝင် လှူဒါန်းနိုင်ပါသည်။

မြန်မာငွေဖြင့် လှူဒါန်းနိုင်သောဘဏ်စာရင်းများ

(၁) AYA Bank (Account No.: 0134202010077100)

(၂) CB Bank (Account No.: 0107600100074063)

(၃) KBZ Bank (Account No.: 021-304-02105875501 (KANBAWZA BANK Ltd (KMY))

အမေရိကန်ဒေါ်လာငွေဖြင့် လှူဒါန်းနိုင်သောဘဏ်စာရင်းများ

(၁) AYA Bank (Account No.: 0134102030005487)

(၂) CB Bank (Account No.: 0107101200024357)

(၃) KBZ Bank (Account No.: 02110902105875501)

ရန်ကုန်တက္ကသိုလ်သို့ တိုက်ရိုက်လှူဒါန်းလိုပါက အောက်ဖေါ်ပြပါ ပုဂ္ဂိုလ်များသို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ပါမောက္ခချုပ်ရုံး (ဖုန်းနံပါတ်-၀၁-၅၃၄၃၁၈၊ ၀၉-၈၆၀-၂၀၅၇)

ဒေါက်တာဥမ္မာကျော်၊ ဒု-ပါမောက္ခချုပ် (ဖုန်းနံပါတ်-၀၁-၅၁၄၉၁၀)

ဒေါက်တာအောင်ကျော်၊ ဒု-ပါမောက္ခချုပ် (ဖုန်းနံပါတ်-၀၁-၅၃၆၅၀၃)

ဒေါက်တာသောင်းထိုက်၊ ဒု-ပါမောက္ခချုပ် (ဖုန်းနံပါတ်-၀၁-၉၆၆၉၈၆၁)

ဒေါ်ဆွေဆွေအောင်၊ ဌာနမှူး(စီမံ/ဘဏ္ဍာဌာန) ရန်ကုန်တက္ကသိုလ် (၀၁-၅၀၅၆၁၂)

လှူဒါန်းငွေများအတွက် အလှူငွေပေးအပ်ပွဲနှင့် အလှူရှင်ဂုဏ်ပြုပွဲများကို ရန်ကုန် တက္ကသိုလ်တွင် လစဉ်ကျင်းပသွားမည်ဖြစ်ပြီး လှူဒါန်းငွေအပြင် အဆောက်အဦ၊ သင်ထောက်ကူနှင့် လက်တွေ့ခန်းသုံး ပစ္စည်းများ၊ အားကစားသုံးပစ္စည်းများစသည်ဖြင့် လိုအပ်နေသော ပစ္စည်းများအပြင် ကျွမ်းကျင်မှုအကူအညီနှင့် လုပ်အားအလှူ တို့ကိုလည်း ပါဝင်လှူဒါန်း နိုင်ပါသည်။

ရန်ကုန်တက္ကသိုလ်

 

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် အလှူငွေပေးအပ်သည့် အလှူရှင်များစာရင်း

ဝ၄-ဝ၁-၁၉

WordPress Data Table