Workshop on Decision Making Level GIS for Rural Road Development

Workshop on Decision Making Level GIS for Rural Road Development


 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့အကြားပူးပေါင်းဆောင်ရွက်မှုအဖြစ် “Workshop on Decision Making Level GIS for Rural Road Development” အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၁ခုနှစ်ဇန်နဝါရီလ ၁၈၊ ၁၉ နှင့် ၂၁၊ ၂၂ နေ့ များတွင် Virtual Workshop ပုံစံဖြင့် Webinar ကျင်းပခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမ ရှိ အစည်းဝေးခန်းမနှင့်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦါ်စီးဌာန၊ ရုံးချုပ်၊ နေပြည်တော်ရှိ အစည်းဝေးခန်းမများတွင် ကျင်းပခဲ့ရာ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာ၊ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော် နှင့် ရန်ကုန်တက္ကသိုလ်၊ တာဝန်ခံပါမောက္ခချုပ် ဒေါက်တာနီလာအောင်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန၊ ပါမောက္ခ၊ ဌာနမှူး (Team Leader, The Group of Geoinformatic, UY) ဒေါက်တာထွန်းကို က အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မျှော်မှန်းရလဒ်များ၊ GIS နည်းပညာရပ်၏ စီမံခန့်ခွဲမှုနယ်ပယ်တွင် အသုံးဝင်မှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဆွေးနွေးပွဲ ကိုဆက်လက်ကျင်းပ ခဲ့ရာ ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာနရှိ The Group of Geoinformatic, UY မှ ဒေါက်တာထွန်းကိုနှင့် ဦးချစ်မျိုးလွင်တို့မှ

  • The importance of Geospatial data in Rural Road Development
  • The basic concepts and structure of Geoinformatics
  • Perspective Scale: Engineering Scale Vs Geographic Scale
  • Capability of Geo-information for Road Development
  • Management on Geospatial data for Road Development

စသည့်အကြောင်းအရာများအားဦးဆောင်ဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများက မိမိတို့တိုင်း ဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ဆောင်ရွက်လျှက်ရှိသော ကျေးလက်လမ်းဖွံ့ဖြိုးမှု၊ ကျေးလက်ဒေသဖွံ့ဖြိုးမှု များတွင် ကြုံတွေ့နေရသည့်အခြေအနေများ နှင့် ယှဉ်ကာဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန မှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ဆရာ/ဆရာမများ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးချုပ် (နေပြည်တော်)နှင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီး မှ ညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြပါသည်။