ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲဖိတ်ခေါ်

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲဖိတ်ခေါ်

ရန်ကုန်တက္ကသိုလ်သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် နှစ် (၁၀၀) ပြည့် မြောက်ပြီဖြစ်ရာ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပမည် ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များမှာ အစဉ်အလာကြီးမားခဲ့သည့် ရန်ကုန်တက္ကသိုလ် ၏သမိုင်းကြောင်းကို ပြည်သူများအနေနှင့်နှံ့စပ်စွာသိရှိနိုင်စေရန်၊ ရန်ကုန်တက္ကသိုလ်၏ နိုင်ငံ့ ဂုဏ်ဆောင် ဆရာကြီး၊ဆရာမကြီးများနှင့် ကျောင်းသား၊ကျောင်းသူဟောင်းများ၏ ဂုဏ်သတင်း အချက်အလက်များကို ပြန်လည်ဖော်ထုတ်နိုင်ရန်၊ ယခင်က အရှေ့တောင်အာရှတွင် ထင်ရှား ကျော်ကြားခဲ့သည့် ရန်ကုန်တက္ကသိုလ်၏ အတိတ်ပုံရိပ်များကို ပြန်လည်အောက်မေ့သတိရလာ စေရန်၊ ရန်ကုန်တက္ကသိုလ်၏အောင်မြင်မှုများကို လေးစားအတုယူ၍ ပညာရေးအဆင့်အတန်း မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လိုစိတ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။

ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ

ဉာဏ်စမ်းပဟေဠိပြိုင်ပွဲသို့ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ် အသီးသီးတွင် တက်ရောက်လျက် ရှိသော ကျောင်းသား၊ကျောင်းသူများသည် တစ်ဖွဲ့လျှင်(၃)ဦးပါဝင်သောအဖွဲ့ ဖွဲ့၍ အဖွဲ့လိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ ပါဝင်ယှဉ်ပြိုင်မည့်အဖွဲ့များသည် အောက်ဖော်ပြပါလိပ်စာများတွင် ဖော်ပြထားသည့် ပြိုင်ပွဲဝင် လျှောက်လွှာပုံစံများကို ပြည့်စုံစွာဖြည့်စွက်၍ (၃-၁၁-၂၀၂၀)ရက်နေ့ နောက်ဆုံးထား၍ ဖော်ပြပါ email လိပ်စာများသို့ ပြန်လည်ပေးပို့ရမည်။ ပြိုင်ပွဲဝင်လျှောက်လွှာများ အနက်မှ ရွေးချယ်ခံရသူများစာရင်းကို (၅-၁၁-၂၀၂၀)ရက်နေ့၌ www.uy.edu.mm နှင့် www.dagonuniversity.edu.mm တို့တွင် ကြေညာပေးမည်ဖြစ်သည်။ အဆင့်လိုက် ပြိုင်ပွဲများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်ပြသမည်ဖြစ်သည်။ ကြိုတင် လေ့လာဖတ်ရှု ထားရမည့် စာအုပ်များမှာ –

  1. ကျော်ဝင်း၊ သမိုင်းပါမောက္ခ(ငြိမ်း) ရေးသားသော ကံ့ကော်မြေမှရန်ကုန်တက္ကသိုလ်စာအုပ်၊
  2. အောက်တိုဘာလထုတ် ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့မှ ရန်ကုန်တက္ကသိုလ်ဆိုင်ရာဆောင်းပါးများ၊
  3. အင်တာနက်စာမျက်နှာရှိရန်ကုန်တက္ကသိုလ်သမိုင်းဆိုင်ရာအထောက်အထားများဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ဝက်ဆိုက်စာမျက်နှာ www.uy.edu.mm နှင့် www.dagonuniversity.edu.mm တွင်လည်းကောင်း၊ Facebook Page – National University of Art and Culture – Yangon, NUAC-Ygn, Official တွင် လည်းကောင်း၊ email လိပ်စာ ဒေါက်တာထိပ်တင်ဟန်၊ htatetinhan@gmail.com ၊ ဖုန်း- ၀၉၂၆၄၆၃၆၁၂၉၊ ဒေါက်တာဇော်စိုးမင်း၊ zawsoemin@uy.edu.mm ဖုန်း-၀၉၅၁၃၇၅၅၄၊ ဒေါက်တာလဲ့လဲ့အောင်၊ llaung1111@gmail.com ဖုန်း-၀၉၅၁၉၄၁၁၂ တို့တွင် စုံစမ်းမေးမြန်း နိုင်ပါသည်။

ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင်အခမ်းအနား
ပျော်ပွဲရွှင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ

YU 100 yrs Quiz Forms download