ရန်ကုန်တက္ကသိုလ်၊ ရာပြည့်ကိုဂုဏ်ပြု၍ကျင်းပသော IT နည်းပညာဆိုင်ရာ ဟောပြောပွဲ

ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမ၌ ၆-၂-၂၀၂၀ ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ရန်ကုန်တက္ကသိုလ် ရာပြည့်ကိုဂုဏ်ပြု၍ကျင်းပသော IT နည်းပညာဆိုင်ရာ ဟောပြောပွဲနှင့် စကားဝိုင်းဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသူကျောင်းသားများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ တက်ရောက်ကြပါသည်။