ပါရဂူ (PhD) သင်တန်းသားများ ခေါ်ယူခြင်း

ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပါရဂူဘွဲ့ (PhD) သင်တန်းကို အောက်ဖော်ပြပါ အထူးပြု ဘာသာရပ်များဖြင့် ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပါသည် –

(က) မြန်မာစာ
(ခ) အင်္ဂလိပ်စာ
(ဂ) ပထဝီဝင်
(ဃ) သမိုင်း
(င) ဒဿနိကဗေဒ
(စ) စိတ်ပညာ
(ဆ) ဥပဒေပညာ
(ဇ) အရှေ့တိုင်းပညာ
(ဈ) နိုင်ငံတကာဆက်ဆံရေးပညာ
(ည) မနုဿဗေဒ
(ဋ) ရှေးဟောင်းသုတေသနပညာ
(ဌ) စာကြည့်တိုက်နှင့်သုတပညာ
(ဍ) ဓာတုဗေဒ
(ဎ) ရူပဗေဒ
(ဏ) သင်္ချာ
(တ) သတ္တဗေဒ
(ထ) ရုက္ခဗေဒ
(ဒ) ဘူမိဗေဒ
(ဓ) ကုန်ထုတ်ဓာတုဗေဒ
(န) ကွန်ပျူတာသိပ္ပံပညာ
(ပ) အဏုဇီဝဗဒ

၂။ ပါရဂူဘွဲ့ (PhD) သင်တန်းတက်ရောက်ရန် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံသူများ လျှောက်ထား နိုင်ပါသည် –

(က) ပါရဂူဘွဲ့သင်တန်းတက်ရောက်ခွင့် လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား ဖြစ်ရမည်။
(ခ) ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် အသက် (၃၀) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(လုပ်ငန်းခွင်အတွေ့အကြုံရှိသူများကို အသက်ကန့်သတ်ချက် လျှော့ပေါ့စဉ်းစားမည်။)
(ဂ) ပါရဂူဘွဲ့အကြိုသင်တန်းကို အချိန်ပြည့်တစ်နှစ် တက်ရောက်နိုင်သူဖြစ်ရမည်။
(ဃ) ဝင်ခွင့်လျှောက်ထားသူ၏ အရည်အချင်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ပညာရေးဝန်ကြီးဌာနဝန်ထမ်းများအတွက်

(၁) အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ် နယ်ပယ်၌ အနိမ့်ဆုံး မဟာဘွဲ့ အောင်မြင်သူ ဖြစ်ရမည်။ ဘာသာရပ်ဆိုင်ရာ (၃) နာရီ မေးခွန်းနှင့် အင်္ဂလိပ်စာ (၃) နာရီမေးခွန်း ဝင်ခွင့်စာမေးပွဲဖြေဆို အောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်းအောင်မြင်သူများကိုသာ လက်ခံမည်။
(၂) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ မဟာသုတေသနဘွဲ့ ရရှိထားသူများသည် (ဝင်ခွင့် စာမေးပွဲ ဖြေဆိုရန်မလိုပါ) လူတွေ့စစ်ဆေးခြင်းကို ဖြေဆိုအောင်မြင်ရမည်။
(၃) တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ နည်းပြ၊ သရုပ်ပြ ဖြစ်ပါက နည်းပြ၊ သရုပ်ပြ ရာထူးတွင် လုပ်သက် (၁) နှစ် အနည်းဆုံးရှိရမည်။
(၄) တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမ မဟုတ်သော ပညာရေး ဝန်ထမ်းများဖြစ်လျှင် နည်းပြ၊ သရုပ်ပြနှင့်အဆင့်တူရာထူးတွင် လုပ်သက် (၂) နှစ် အနည်းဆုံး ရှိသူဖြစ်ရမည့်အပြင် လျှောက်ထားသူသည် သုတေသနဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေသူဖြစ်ပြီး ပါရဂူဘွဲ့သင်တန်း တက်ရောက်ခွင့်ပြုခြင်းဖြင့် ဌာနဆိုင်ရာလုပ်ငန်းတွင် တိုက်ရိုက်အကျိုးပြုနိုင်ကြောင်း သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲက ထောက်ခံသူဖြစ်ရမည်။
(၅) ပါရဂူကြိုသင်တန်းတက်ရောက်ခွင့်ရရှိပါက သက်ဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (သို့မဟုတ်) သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးထံမှ အချိန်ပြည့် (၁) နှစ် တက်ရောက်ခွင့်ပြုနိုင်ကြောင်း ထောက်ခံစာတင်ပြရမည်။

အခြားဝန်ကြီးဌာနဝန်ထမ်းများအတွက်

(၁) အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ် နယ်ပယ်၌ အနိမ့်ဆုံးမဟာဘွဲ့အောင်မြင်သူ ဖြစ်ရမည်။ ဘာသာရပ်ဆိုင်ရာ (၃) နာရီမေးခွန်းနှင့် အင်္ဂလိပ်စာ (၃) နာရီမေးခွန်း ဝင်ခွင့်စာမေးပွဲဖြေဆို အောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်း အောင်မြင်သူများကိုသာလက်ခံမည်။
(၂) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ မဟာသုတေသနဘွဲ့ ရရှိထားသူများသည် (ဝင်ခွင့် စာမေးပွဲဖြေဆိုရန် မလိုပါ) လူတွေ့စစ်ဆေးခြင်းကို ဖြေဆိုအောင်မြင်ရမည်။
(၃) အနိမ့်ဆုံး နည်းပြ၊ သရုပ်ပြ (သို့မဟုတ်) ယင်းနှင့်အဆင့်တူ ရာထူးတွင် လုပ်သက် (၂) နှစ် အနည်းဆုံး ရှိရမည်။
(၄) ပါရဂူကြို သင်တန်းတက်ရောက်ခွင့်ရရှိပါက သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံမှ အချိန်ပြည့် (၁) နှစ် တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာတင်ပြရမည်။

နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက်

အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ် နယ်ပယ်၌ အနိမ့်ဆုံးမဟာသုတေသနဘွဲ့ ရရှိပြီးသူဖြစ်ရမည်။ မဟာသုတေသနဘွဲ့ အတွက် ပြုလုပ်ခဲ့သော သုတေသနအကျဉ်းချုပ်နှင့် ပါရဂူဘွဲ့သင်တန်းတွင် ဆောင်ရွက်လိုသော သုတေသန နယ်ပယ်အဆိုပြုချက် (ကွန်ပျူတာစာစီ၍ စာမျက်နှာ (၃) မျက်နှာ ထက်မပိုသော) ကို လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည်။ လူတွေ့စစ်ဆေးခြင်းကို ဖြေဆိုအောင်မြင်ရမည်။

၃။ ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် ၁၈-၅-၂၀၁၈ ရက် (သောကြာနေ့) နောက်ဆုံးထား လျှောက်ထားရမည်။

၄။ လျှောက်ထားသူများသည် ရန်ကုန်တက္ကသိုလ်တွင် ပါရဂူဘွဲ့ (PhD) သင်တန်းဝင်ခွင့် စာမေးပွဲကို အောက်ပါ အတိုင်း ဝင်ရောက်ဖြေဆိုရမည်။
(က) ၂၁-၅-၂၀၁၈ (တနင်္လာနေ့) ၀၉းဝ၀ နာရီမှ ၁၂းဝ၀ နာရီ သက်ဆိုင်ရာဘာသာရပ်
(ခ) ၂၂-၅-၂၀၁၈ (အင်္ဂါနေ့) ၀၉းဝ၀ နာရီမှ ၁၂းဝ၀ နာရီ အင်္ဂလိပ်စာဘာသာရပ်

၅။ ရေးဖြေစာမေးပွဲ အောင်မြင်သူများနှင့် မဟာသုတေသနဘွဲ့ရရှိထားသူများကို ၂၈-၅-၂၀၁၈ ရက် (တနင်္လာနေ့)တွင် လူတွေ့စစ်ဆေးမည်။

၆။ အသေးစိတ်အချက်အလက်များကို ဘာသာရပ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဘာသာရပ် ပါမောက္ခ(ဌာနမှူး)များ ထံတွင်လည်းကောင်း၊ သင်တန်းဝင်ခွင့်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မော်ကွန်းထိန်း (ဖုန်းနံပါတ်-၅၃၄၉၀၈၊ ၅၃၄၃၉၀) ထံတွင်လည်းကောင်း စုံစမ်းနိုင်ပါသည်။