ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ရန်ကုန်မြို့

ဒီဇိုင်းတင်ဒါလုပ်ငန်းများဆောင်ရွက်ရန်

Expression of Interest (EOI) ဖိတ်ခေါ်ခြင်း

၁။       ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တက္ကသိုလ်တွင် အောက်ဖော် ပြပါ ဒီဇိုင်းတင်ဒါလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် သက်ဆိုင်ရာမြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ Expression of Interest (EOI) တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် –

 

၂။       EOI ပုံစံနှင့် စည်းကမ်းချက်များကို   ၁၂-၁၀-၂၀၂၀  ရက်နေ့မှစတင်၍ Online စနစ်ဖြင့် ရောင်းချ မည်ဖြစ်ပြီး၊ EOI ပုံစံများကို ၁၂-၁၁-၂၀၂၀ ရက်နေ့၊ (၁၆:၃၀) နာရီ နောက်ဆုံးထား၍ ရန်ကုန်တက္ကသိုလ်၊ အင်ဂျင်နီယာဌာနတွင် တင်သွင်း ရမည်ဖြစ်ပါသည်။

၃။       EOI ပုံစံအား Online စနစ်ဖြင့်ဝယ်ယူရန် လျှောက်လွှာတန်ဖိုးများအား (လျှောက်လွှာတန်ဖိုး) Link တွင် ဖော်ပြထားပါသည်။ ဝယ်ယူမည့် Lot များအလိုက် လျှောက်လွှာတန်ဖိုးအား KBZPay ဖြင့် ဖုန်းနံပါတ် 09 260030538 သို့ ပေးသွင်းရမည်။ ထို့နောက် လျှောက်လွှာဝယ်ယူရန် ပုံစံအား Download ရယူ၍ လိုအပ်သောအချက်အလက်များ ဖြည့်သွင်း၍ Scan ပြုလုပ်ပြီး (ဓါတ်ပုံရိုက်၍ ပေးပို့ခြင်းမပြုရ) လျှောက်လွှာတန်ဖိုး ပေးသွင်းပြီးသော KPZPay transaction screen shot အား ပူးတွဲ၍ ရန်ကုန်တက္ကသိုလ်၊ အင်ဂျင်နီယာဌာန email – uyengoffice@uy.edu.mm သို့ email ပေးပို့ရမည်။ အင်ဂျင်နီယာဌာနမှ အချက်အလက်များစစ်ဆေးပြီး ရန်ကုန်တက္ကသိုလ်၊ ဘဏ္ဍာဌာနတွင် လျှောက်လွှာတန်ဖိုးများပေးသွင်းပြီးနောက် ငွေသွင်းချလံမိတ္တူနှင့် ဝယ်ယူထားသော EOI အချက်အလက်များအား Email ပြန်လည် ပေးပို့သွားမည်ဖြစ်ပါသည်။ အခြားသိရှိလိုသောအချက်များအား ဖုန်းနံပါတ် – ၀၉-၆၉၀၈၂၉၂၃၆၊ ၀၁-၇၅၃၄၄၈၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

 

လျှောက်လွှာတန်ဖိုး

လျှောက်လွှာဝယ်ယူရန်ပုံစံ

KPZPay transaction screen shot sample