ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ရန်ကုန်မြို့

တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။       ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တက္ကသိုလ်တွင် အောက်ဖော် ပြပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ် ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် –

WordPress Data Table

 

၂။       အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို   ၁၂-၁၀-၂၀၂၀  ရက်နေ့မှစတင်၍ Online စနစ်ဖြင့် ရောင်းချမည် ဖြစ်ပြီး၊ အိတ်ဖွင့်တင်ဒါများကို ၁၂-၁၁-၂၀၂၀ ရက်နေ့၊ (၁၆:၃၀) နာရီ နောက်ဆုံးထား၍ ရန်ကုန်တက္ကသိုလ်၊ အင်ဂျင်နီယာဌာနတွင် တင်သွင်း ရမည်ဖြစ်ပါသည်။

၃။       အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းလိုသည့် လုပ်ငန်းအတွက် သတ်မှတ်တင်ဒါအာမခံ ကြေးကို မြန်မာ့စီးပွားရေးဘဏ် (ကမာရွတ်) တွင် ပေးသွင်း၍ ငွေသွင်းပြေစာကို  အိတ်ဖွင့်တင်ဒါ တင် သွင်းရမည့် ရန်ကုန်တက္ကသိုလ်၊ ဘဏ္ဍာဌာနတွင် ပေးသွင်းပြီး၊ ငွေသွင်းပြေစာမိတ္တူကို သတ်မှတ်အိတ်ဖွင့် တင်ဒါပုံစံနှင့်အတူပူးတွဲ၍ တင်သွင်းရမည်။ လုပ်ငန်း တစ်ခုထက်ပိုမို၍ တင်ဒါတင်သွင်းလိုပါက မိမိ တင်သွင်းလိုသည့် လုပ်ငန်းအမျိုးအစား တစ်ခုစီအတွက် တင်ဒါအာမခံကြေးကို သီးခြားစီပေးသွင်းပြီး၊ သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်  တစ်ခုချင်းစီ တင်သွင်းရမည် ဖြစ်ပါသည်။ မြန်မာ့စီးပွားရေးဘဏ် (ကမာရွတ်) တွင် တင်ဒါအာမခံကြေးပေးသွင်းနိုင်ရန် အကြောင်းကြားစာအား ရန်ကုန်တက္ကသိုလ်၊ ဘဏ္ဍာ ဌာနသို့ လျှောက်ထားရယူရမည်ဖြစ်သည်။

၄။       အိတ်ဖွင့်တင်ဒါအား Online စနစ်ဖြင့်ဝယ်ယူရန် တင်ဒါလျှောက်လွှာတန်ဖိုးများအား (လျှောက်လွှာတန်ဖိုး) Link တွင် ဖော်ပြထားပါသည်။ ဝယ်ယူမည့် Lot များအလိုက် လျှောက်လွှာတန်ဖိုးအား KBZPay ဖြင့် ဖုန်းနံပါတ် 09 260030538 သို့ ပေးသွင်းရမည်။ ထို့နောက် လျှောက်လွှာဝယ်ယူရန် ပုံစံအား Download ရယူ၍ လိုအပ်သောအချက်အလက်များ ဖြည့်သွင်း၍ Scan ပြုလုပ်ပြီး (ဓါတ်ပုံရိုက်၍ ပေးပို့ခြင်းမပြုရ) လျှောက်လွှာတန်ဖိုး ပေးသွင်းပြီးသော KPZPay transaction screen shot အား ပူးတွဲ၍ ရန်ကုန်တက္ကသိုလ်၊ အင်ဂျင်နီယာဌာန email – uyengoffice@uy.edu.mm သို့ email ပေးပို့ရမည်။ အင်ဂျင်နီယာဌာနမှ အချက်အလက်များစစ်ဆေးပြီး ရန်ကုန်တက္ကသိုလ်၊ ဘဏ္ဍာဌာနတွင် လျှောက်လွှာတန်ဖိုးများပေးသွင်းပြီးနောက် ငွေသွင်းချလံမိတ္တူနှင့် ဝယ်ယူထားသော တင်ဒါအချက်အလက်များအား Email ပြန်လည် ပေးပို့သွားမည်ဖြစ်ပါသည်။ အခြားသိရှိလိုသောအချက်များအား ဖုန်းနံပါတ် – ၀၉-၆၉၀၈၂၉၂၃၆၊ ၀၁-၇၅၃၄၄၈၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

 

လျှောက်လွှာတန်ဖိုး

လျှောက်လွှာဝယ်ယူရန်ပုံစံ

KPZPay transaction screen shot sample