၁။ ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပါရဂူ(ဝါရင့်) သင်တန်းဝင်ခွင့် (လူတွေ့ စစ်ဆေး) စာမေးပွဲဖြေဆိုရန် လျှောက်လွှာများ တင်သွင်းနိုင်ရန် အကြောင်းကြားပါသည်။ အောက်ဖော်ပြပါ အထူးပြုဘာသာရပ်များဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်-
| (က) | မြန်မာစာ | (ဋ) | ရှေးဟောင်းသုတေသနပညာ |
| (ခ) | အင်္ဂလိပ်စာ | (ဌ) | စာကြည့်တိုက်နှင့်သုတပညာ |
| (ဂ) | ပထဝီဝင် | (ဍ) | ဓာတုဗေဒ |
| (ဃ) | သမိုင်း | (ဎ) | ရူပဗေဒ |
| (င) | ဒဿနိကဗေဒ | (ဏ) | သင်္ချာ |
| (စ) | စိတ်ပညာ | (တ) | သတ္တဗေဒ |
| (ဆ) | ဥပဒေပညာ | (ထ) | ရုက္ခဗေဒ |
| (ဇ) | အရှေ့တိုင်းပညာ | (ဒ) | ဘူမိဗေဒ |
| (ဈ) | နိုင်ငံတကာဆက်ဆံရေးပညာ | (ဓ) | ကုန်ထုတ်ဓာတုဗေဒ |
| (ည) | မနုဿဗေဒ | (န) | ကွန်ပျူတာသိပ္ပံပညာ |
| (ပ) | အဏုဇီဝဗေဒ |
၂။ သင်တန်းအတွက်အရည်အချင်းသတ်မှတ်ချက်မှာ အဆင့်မြင့်ပညာဦးစီးဌာန၏(၂၄-၅-၂၀၁၆) ရက်စွဲပါ စာအမှတ်၊ အဆင့်မြင့်/ရုံးချုပ်/စီမံ/ပါရဂူဝင်ခွင့်မူ/၂၀၁၆(၂၄၂၈) ပါသတ်မှတ်ချက်များ အတိုင်းဖြစ်ပါသည်။
၃။ ပါရဂူ(ဝါရင့်) သင်တန်းဝင်ခွင့် လျှောက်လွှာများကို ၂၃-၅-၂၀၁၉ ရက် (ကြာသပတေးနေ့) နောက်ဆုံး ထား၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် တင်သွင်းရမည်ဖြစ်ပါသည်။
၄။ ဝင်ခွင့်(လူတွေ့စစ်ဆေးခြင်း)ကို ၂၈-၅-၂၀၁၉ ရက် (အင်္ဂါနေ့)တွင် သက်ဆိုင်ရာ ဘာသာရပ်ဌာန အသီးသီး၌ ဖြေဆိုရမည်ဖြစ်ပါသည်။
မော်ကွန်းထိန်း၊သင်တန်းရေးရာဌာန
ရန်ကုန်တက္ကသိုလ်