အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
ရန်ကုန်မြို့
တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တက္ကသိုလ်တွင် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ် ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် –

WordPress Data Table

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၂၁-၅-၂၀၂၀ ရက်နေ့မှစတင်၍ ရောင်းချ မည်ဖြစ်ပြီး၊ အိတ်ဖွင့်တင်ဒါများကို ၂၂-၆-၂၀၂၀ ရက်နေ့၊ (၁၆:၀၀) နာရီ နောက်ဆုံးထား၍ တင်သွင်း ရမည်ဖြစ်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းလိုသည့် လုပ်ငန်းအတွက် သတ်မှတ်တင်ဒါ အာမခံကြေးကို အိတ်ဖွင့်တင်ဒါတင်သွင်းရမည့် ရန်ကုန်တက္ကသိုလ်၊ ဘဏ္ဍာဌာနတွင် ကျသင့်ငွေ ပေးသွင်းပြီး၊ ငွေသွင်းပြေစာမိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍တင်သွင်းရမည်။ လုပ်ငန်းတစ်ခုထက်ပိုမို၍ တင်ဒါတင်သွင်းလိုပါက မိမိတင်သွင်းလိုသည့် လုပ်ငန်းအမျိုးအစား တစ်ခုစီအတွက် တင်ဒါအာမခံကြေးကို သီးခြားစီပေးသွင်းပြီး၊ သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့် တစ်ခုချင်းစီ တင်သွင်းရမည် ဖြစ်ပါသည်။
၄။ အိတ်ဖွင့်တင်ဒါနှင့်သက်ဆိုင်သည့် အသေးစိတ်သိရှိလိုသောအချက်များကို ဖုန်းနံပါတ် – ၀၁-၅၃၄၄၈၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ