ဈေးနှုန်းတင်သွင်းလွှာ(တင်ဒါ)ခေါ်ယူခြင်း

၁။         ရန်ကုန်တက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်း (ဒုတိယပညာသင်ကာလ) နှင့် ဘွဲ့လွန် သင်တန်း (ပထမပညာသင်ကာလ) အတွက် ရန်ကုန်တက္ကသိုလ် အမျိုးသားဆောင် (ကေတုမတီဆောင် (A)) နှင့် အမျိုးသမီးဆောင်များ (မြတ်လေးဆောင်(A)၊ မြတ်လေးဆောင် (B))တို့အတွက် စားသောက်ရေးလုပ်ငန်းများ ဆောင်ရွက်လိုပါသဖြင့် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များသည် တင်ဒါပုံစံတစ်စောင်လျှင် ၂၀ဝ၀ိ/-(ကျပ်နှစ်ထောင်တိတိ)နှုန်းဖြင့် ရန်ကုန်တက္ကသိုလ်၊ ဘဏ္ဍာဌာနသို့ ပေးသွင်း၍ (၁၇-၅-၂၀၁၉) ရက်နေ့ နေ့လယ်(၂:ဝ၀)နာရီတိတိတွင် နောက်ဆုံးထား၍ တင်ဒါတင်သွင်းကြပါရန် ကြေညာအပ်ပါသည်။

တင်ပြရန်စာရွက်စာတမ်း

၁။ ယခင်အစားအသောက်ကျွေးမွေးခဲ့ဖူးသော အဆောင်(သို့မဟုတ်)လုပ်ငန်း

၂။ လုပ်ငန်းရှင်၏ ကိုယ်ရေးအချက်အလက်အပြည့်အစုံ

၃။ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးရုံး (သို့မဟုတ်) မြို့နယ်ရဲစခန်း ထောက်ခံချက် မူရင်း(၆ လ အတွင်း)

အစားအသောက်ကျွေးမွေးရမည့်ကျောင်းဆောင်များ

အမျိုးသားဆောင်

(၁) ကေတုမတီဆောင်(A)

အမျိုးသမီးဆောင်

(၁) မြတ်လေးဆောင်(A)

(၂) မြတ်လေးဆောင်(B)

၂။         အသေးစိတ်အချက်အလက်များကို ရန်ကုန်တက္ကသိုလ်၊ သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ် ဝ၁-၅၃၄၃၉၀ သို့ဖြစ်စေ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။

၃။         တင်သွင်းလာသော တင်ဒါလျှောက်လွှာများကို သတ်မှတ်ထားသောရက်တွင် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ သို့တင်သွင်းရမည်။ စည်းကမ်းချက်နှင့် မကိုက်ညီသော တင်သွင်းလွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။ တင်သွင်းလာသည့် မည်သည့်အဆိုပြုလွှာကိုမဆို လုပ်ငန်းစဉ်တင်ပြမှုများအပေါ် အခြေခံ၍စဉ်းစားမည် ဖြစ်ပါ သည်။

၄။         (၁၇-၅-၂၀၁၉) ရက် နေ့လယ်(၂းဝ၀)နာရီတိတိ အချိန်တွင် တင်ဒါတင်သွင်းမည်ဖြစ်ပါသည်။