လေသွဲ့ ယူငင်ရသစာစဉ် အပိုင်း(၁)

အရိမဒ္ဒနပူရပြည်မှအစပြုခဲ့သည်

 

  • ဆရာ ဦးမျိုးမြတ်သူ၊ Mandalay FM နဲ့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတို့ ပူးပေါင်းစီစဥ် ထားတဲ့ လေသွဲ့ယူငင်ရသစာစဉ်

ရည်ရွယ်ချက်

  • ပုဂံခေတ်ရဲ့ စိတ်ဝင်စားစရာ မြန်မာစာပေသမိုင်းကြောင်းနဲ့ ပုဂံခေတ်မြန်မာစာပေ အခြေအနေ ကို သိရှိလာစေဖို့ပါ

ပါဝင်သောအကြောင်းအရာ

  • အနော်ရထာမင်းကြီး တည်ထောင်ခဲ့သော ပထမမြန်မာနိုင်ငံတော်( ပုဂံခေတ် )နှင့် ပုဂံခေတ် မြန်မာစာပေသမိုင်းနှင့် မြန်မာစာပေအကြောင်းသိရမယ်
  • စာထဲ ပေထဲက တွေ့ရတဲ့ ပုဂံသူပုဂံသားတွေရဲ့ နိုင်ငံချစ်စိတ်တွေရမယ်
  • စာထဲပေထဲက တွေ့ရတဲ့ ပုဂံသူပုဂံသားတွေရဲ့ နိုင်ငံတော် အင်းအားကြီးမားအောင် တိုင်းပြည် သာသနာထွန်းကား‌အောင် ကြံဆောင်ပုံနားဆင်ရပါမယ်
  • စာပေကို အသုံးပြုပြီး တိုင်းသူပြည်သားတွေကို ကျန်စစ်သားမင်းကြီး စည်းရုံးရေးလုပ်ပုံ တွေကို စိတ်ဝင်စားစရာနားဆင်ရမဲ့ အစီအစဉ်
  • ပုဂံခေတ် မြန်မာစာမြန်မာမှုနယ်ပယ်က သုတရသနှစ်ဖြာသော အကြောင်းအရာတွေကို ရသခံစား နားဆင်နိုင်ပါမယ်။
  • သီချင်းတွေတစ်လှည့် ဗဟုသုတတွေတစ်လှည့်နဲ့ ရသမျိုးစုံ ခံစားနိုင်ပါမယ်
  • သင်ရိုးသစ်ကိုလည်း အထောက်အကူဖြစ်စေပါမယ်

ဇာတ်ညွှန်း

  • ဒေါက်တာညိမ်းညိမ်း (ပါမောက္ခ၊ ဌာနမှူး၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်)

ပါဝင်သူတင်ဆက်သူများ

  • ဆရာ ဦးမျိုးမြတ်သူ(Mandalay FM)
  • ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ

ကူညီအားဖြည့်ပေးသူများ

  • စောင်း- ဆရာ ဦးမောင်မောင်ခင်(ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း၊ ရန်ကုန် တက္ကသိုလ် အနုပညာအသင်း)
  • စည်းဝါး- ဆရာ ဦးဌေးမော်( ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း၊ ရန်ကုန်တက္ကသိုလ် အနုပညာအသင်း)

ထုတ်လွှင့်မည့် ချယ်နယ်(CHANNEL)

  • 87.9 (Mandalay FM)

ထုတ်လွှင့်ချိန်

  • အပတ်စဉ် စနေနေ့ မနက် ၁၀နာရီနဲ့ ၁၁ နာရီ ကြား

 ပြန်လည်ထုတ်လွှင့်ချိန်

  • ကြာသပတေးနေ့ နေ့လယ် ၂ နာရီကနေ ၃ နာရီ ကြား
  • http://www.uy.edu.mm/ မှာလဲ အပတ်စဉ် ဝင်ရောက်နားဆင်နိုင်ပါတယ်။