လေသွဲ့ ယူငင်ရသစာစဉ်အပိုင်း(၁)

မြင်စိုင်းရွှေပြည်မှသည်

 

  • ဆရာ ဦးမျိုးမြတ်သူ၊ Mandalay FM နဲ့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတို့ ပူးပေါင်းစီစဉ် ထားတဲ့ လေသွဲ့ယူငင်ရသစာစဉ်

ရည်ရွယ်ချက်

  • ပင်းယရဲ့ စိတ်ဝင်စားစရာ မြန်မာစာပေသမိုင်းကြောင်းနဲ့ ပင်းယခေတ်မြန်မာစာပေ အခြေအနေ ကို သိရှိလာစေဖို့ပါ

ပါဝင်သောအကြောင်းအရာ

  • ရှမ်းညီနောင် ၃ ဦးတည်ထောင်ခဲ့သော ပင်းယနှင့် ပင်းယခေတ် မြန်မာစာပေသမိုင်းနှင့် မြန်မာစာပေအကြောင်းသိရမယ်
  • စာထဲ ပေထဲက တွေ့ရတဲ့ ပင်းယသူ ပင်းယသားတွေရဲ့ နိုင်ငံကို ကာကွယ်ချင်စိတ်တွေ့ရမယ်
  • စာထဲပေထဲက တွေ့ရတဲ့ ပင်းယခေတ်သူခေတ်သားတွေရဲ့ မိမိနိုင်ငံကို မြတ်နိုးပုံတွေ နားဆင်ရပါမယ်
  • မြင်စိုင်းမြေရဲ့ သာယာပုံ၊ ငါးစီးရှင်ကျော်စွာရဲ့ ဘုန်းတန်ခိုးကြီးပုံတွေကို စာထဲပေထဲက တစ်ဆင့် စိတ်ဝင်စားစရာနားဆင်ရမဲ့ အစီအစဉ်
  • ပင်းယခေတ် မြန်မာစာြမန်မာမှုနယ်ပယ်က သုတရသနှစ်ဖြာသော အကြောင်းအရာတွေကို ရသခံစား နားဆင်နိုင်ပါမယ်။
  • သီချင်းတွေတစ်လှည့် ဗဟုသုတတွေတစ်လှည့်နဲ့ ရသမျိုးစုံ ခံစားနိုင်ပါမယ်

သင်ရိုးသစ်ကိုလည်း အထောက်အကူဖြစ်စေပါမယ်

ဇာတ်ညွှန်း

  • ဒေါက်တာညိမ်းညိမ်း (ပါမောက္ခ၊ ဌာနမှူး၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်)

ပါဝင်သူတင်ဆက်သူများ

  • ဆရာ ဦးမျိုးမြတ်သူ(Mandalay FM)
  • ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ

ကူညီအားဖြည့်ပေးသူများ

  • စောင်း- ဆရာ ဦးမောင်မောင်ခင်(ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း၊ ရန်ကုန် တက္ကသိုလ် အနုပညာအသင်း)
  • စည်းဝါး- ဆရာ ဦးဌေးမော်( ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း၊ ရန်ကုန်တက္ကသိုလ် အနုပညာအသင်း)

ထုတ်လွှင့်မည့် ချယ်နယ်(CHANNEL)

  • 9 (Mandalay FM)

ထုတ်လွှင့်ချိန်

  • အပတ်စဉ် စနေနေ့ မနက် ၁၀နာရီနဲ့ ၁၁ နာရီ ကြား

 ပြန်လည်ထုတ်လွှင့်ချိန်

  • ကြာသပတေးနေ့ နေ့လယ် ၂ နာရီကနေ ၃ နာရီ ကြား
  • http://www.uy.edu.mm/ မှာလဲ အပတ်စဥ် ဝင်ရောက်နားဆင်နိုင်ပါတယ်။