လေသွဲ့ ယူငင်ရသစာစဥ် အပိုင်း(၃)

တို့ရွှေအင်းဝ သာယာဝပြောသည်

 

ဆရာ ဦးမျိုးမြတ်သူ၊ Mandalay FM နဲ့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတို့ ပူးပေါင်းစီစဥ် ထားတဲ့ လေသွဲ့ယူငင်ရသစာစဥ်

ရည်ရွယ်ချက်

အင်းဝခေတ်ရဲ့ စိတ်ဝင်စားစရာ မြန်မာစာပေသမိုင်းကြောင်းနဲ့ အင်းဝခေတ်မြန်မာစာပေ အခြေအနေ ကို သိရှိလာစေဖို့ပါ။

 

ပါဝင်သောအကြောင်းအရာ

  • သတိုးမင်းဖျားတည်ခဲ့သောအင်းဝရွှေနန်းတော်ကြီးနှင့် အင်းဝခေတ် မြန်မာစာပေသမိုင်းနှင့် မြန်မာစာပေအကြောင်းသိရမယ်။
  • စာထဲပေထဲကတွေ့ရတဲ့ အင်းဝသူအင်းဝသားတွေရဲ့ နိုင်ငံချစ်စိတ်၊ စာပေချစ်စိတ်တွေ တွေ့ရမယ်။
  • စာထဲပေထဲကတွေ့ရတဲ့ အင်းဝသူအင်းဝသားတွေရဲ့ စာပေဖွံ့ဖြိုးလာအောင်ကြံဆောင်ပုံ နားဆင်ရပါမယ်။
  • လောကီလောကုတ္တရာ နှစ်ဖြာသော အကြောင်းတို့ကို ဖွဲ့နွဲ့ သီကုံးစပ်တတ်တဲ့ ရဟန်းပညာရှိ စာဆိုကြီးရဲ့ စိတ်ဝင်စားဖွယ် အကြောင်းကို နားဆင်နိုင်ပါမည်။
  • သီချင်းတွေတစ်လှည့် ဗဟုသုတတွေတစ်လှည့်နဲ့ ရသမျိုးစုံ ခံစားနိုင်ပါမယ်။
  • သင်ရိုးသစ်ကိုလည်း အထောက်အကူဖြစ်စေပါမယ်။

 

ဇာတ်ညွှန်း

  • ဒေါက်တာညိမ်းညိမ်း (ပါမောက္ခ၊ ဌာနမှူး၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်)

 

ပါဝင်သူတင်ဆက်သူများ

  • ဆရာ ဦးမျိုးမြတ်သူ(Mandalay FM)
  • ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ

 

ကူညီအားဖြည့်ပေးသူများ

  • စောင်း- ဆရာဦးမောင်မောင်ခင်(ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း၊ရန်ကုန်တက္ကသိုလ် အနုပညာအသင်း)
  • စည်းဝါး- ဆရာ ဦးဌေးမော်(ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း၊ရန်ကုန်တက္ကသိုလ် အနုပညာအသင်း)

 

ထုတ်လွှင့်မည့် ချယ်နယ်(CHANNEL)

  • 87.9 (Mandalay FM)

 

ထုတ်လွှင့်ချိန်

  • အပတ်စဥ် စနေနေ့ မနက် ၁၀နာရီနဲ့ ၁၁ နာရီ ကြား

 

ပြန်လည်ထုတ်လွှင့်ချိန်

  • ကြာသပတေးနေ့ နေ့လယ် ၂ နာရီကနေ ၃ နာရီ ကြား