ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ပါဝင်သည့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများသိရှိစေရန်

(၁) ပြိုင်ပွဲအစီအစဉ်

  • ပြိုင်ပွဲကို ပထမအဆင့်၊ ဒုတိယအဆင့်နှင့် နောက်ဆုံးအဆင့်ဟူ၍ (၃) ဆင့် ယှဉ်ပြိုင်ပါမည်။
  • ပထမအဆင့်တွင် အဖွဲ့ (၁၆)ဖွဲ့ယှဉ်ပြိုင်၍ ရရှိသည့် အမှတ်အနည်းအများအပေါ်မူတည်၍ ဒုတိယအဆင့်တွင် အဖွဲ့(၈)ဖွဲ့၊ နောက်ဆုံးအဆင့်တွင် အဖွဲ့(၄)ဖွဲ့စသည်ဖြင့် အဆင့်ဆင့် ပြိုင်ပွဲ ဝင်ရန်အတွက် ရွေးချယ်သွားမည်ဖြစ်ပါသည်။
  • ပွဲစဉ်တစ်ခုလျှင် အဖွဲ့(၂)ဖွဲ့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယှဉ်ပြိုင်ရမည့်အဖွဲ့များ၏ ပွဲစဉ်ရှေ့နောက် အစီအစဉ်နှင့် တွဲဖက်ရမည့်အဖွဲ့အတွက် မဲနှိုက်၍ မဲကျသည့် အစီအစဉ်အတိုင်း ယှဉ်ပြိုင် ရပါမည်။
  • ပြိုင်သည့် (၂) ဖွဲ့တွင် အမှတ်နည်းသည့်အဖွဲ့ ပြိုင်ပွဲမှ ထွက်ခွာရခြင်းမဟုတ်ပဲ မည်သည့် အဖွဲ့အတွက်မဆို ဖြေဆိုရရှိသည့် အမှတ်စုစုပေါင်း အမှတ်အနည်းအများအပေါ် မူတည်၍ ဆက်လက်ပြိုင်ပွဲဝင်သွားရမည်ဖြစ်သည်။

– ပထမအဆင့်မေးခွန်းပုံစံ

* တစ်ဖွဲ့လျှင် မေးခွန်း (၅) ခုဖြေဆိုရမည်ဖြစ်ပြီး မေးခွန်း (၁)ခုအတွက် (၂) မှတ်၊ ဖြေဆိုရန် စဉ်းစားချိန် မေးခွန်းတစ်ခုအတွက် (၁) မိနစ်ဖြစ်သည်။

* ပြိုင်ဖက်အဖွဲ့မှ မဖြေဆိုနိုင်သည့် မေးခွန်းကို မိမိအဖွဲ့အနေနှင့် ဖြေဆိုနိုင်ပါက (၁)မှတ် ရပါမည်။

– ဒုတိယအဆင့်မေးခွန်းပုံစံ

** တစ်ဖွဲ့လျှင် မေးခွန်း(၁၀)ခု ဖြေဆိုရမည်ဖြစ်ပြီး မေးခွန်း (၁) ခုအတွက် (၂) မှတ်၊ ဖြေဆိုရန် စဉ်းစားချိန် မေးခွန်းတစ်ခုအတွက် (၁)မိနစ်ဖြစ်သည်။

** ပြိုင်ဘက်အဖွဲ့မှ မဖြေဆိုနိုင်သည့် မေးခွန်းကို မိမိအဖွဲ့အနေနှင့် ဖြေဆိုနိုင်ပါက (၁)မှတ်ရပါမည်။

– နောက်ဆုံးအဆင့်မေးခွန်းပုံစံ
***တစ်ဖွဲ့လျှင် မေးခွန်း(၁၂)ခု ဖြေဆိုရမည်ဖြစ်ပြီး မေးခွန်း (၁) ခုအတွက် (၂) မှတ်၊ ဖြေဆိုရန် စဉ်းစားချိန် မေးခွန်းတစ်ခုအတွက် (၁)မိနစ်ဖြစ်သည်။
***ပြိုင်ဘက်အဖွဲ့မှ မဖြေဆိုနိုင်သည့် မေးခွန်းကို မိမိအဖွဲ့အနေနှင့် ဖြေဆိုနိုင်ပါက (၁)မှတ်ရပါမည်။

မှတ်ချက်။ ၁။ မေးခွန်းပုံစံမှာ ပေးထားသော အဖြေ(၃)ခုအနက်အဖြေမှန်ရွေးချယ်ခြင်း၊ ကွက်လပ်ဖြည့်ပေးခြင်းနှင့် မေးထားသည့် မေးခွန်းကို လိုရင်းအဖြေဖြေဆိုခြင်း တို့ဖြစ်သည်။

မှတ်ချက်။ ၂။ ပေးထားသော အဖြေ (၃) ခုအနက် အဖြေမှန်ရွေးချယ်သည့် မေးခွန်းတွင် အခြားအဖွဲ့အတွက် မေးခွန်းဖြေဆိုခြင်းအစီအစဉ် မပါဝင်ပါ။

(၂ ) ရုပ်မြင်သံကြားရိုက်ကူးမည့်အစီအစဉ်

  • ဉာဏ်စမ်းပဟေဠိပြိုင်ပွဲယှဉ်ပြိုင်သည့် အစီအစဉ်များကို ပြည်လမ်းရှိ မြန်မာ့ရုပ်မြင်သံကြား ဌာန၌ ပထမအဆင့်အတွက် ( ၁၂ – ၁၁ – ၂၀၂၀ )၊ ဒုတိယအဆင့်အတွက် ( ၁၃ – ၁၁ – ၂၀၂၀)၊ နောက်ဆုံးအဆင့်အတွက် (၁၄ -၁၁-၂၀၂၀)ရက်နေ့တို့တွင်ရိုက်ကူးပါမည်။ (ထုတ်လွှင့်ပြသမည့် နေ့ရက်ကို ထပ်မံကြေညာပါမည်)။
  • ပြိုင်ပွဲဝင်ပွဲစဉ် ၁၊ ၂၊ ၃၊ ၄ တွင် ပါဝင်သူများသည် ၁၂-၁၁-၂၀၂၀ ရက်နေ့ နံနက် ၈:၃၀တွင်လည်းကောင်း၊ ပြိုင်ပွဲဝင်ပွဲစဉ် ၅၊ ၆၊ ၇၊ ၈ တွင် ပါဝင်သူများသည် ၁၂-၁၁-၂၀၂၀ ရက်နေ့ နေ့လည် ၁၁:၀၀ အချိန်တွင်လည်းကောင်း ပြည်လမ်း၊ မြန်မာ့ရုပ်မြင်သံကြား ဌာနသို့ မပျက်မကွက် ရောက်ရှိကြရမည်ဖြစ်သည်။

(၃) ဝတ်စားဆင်ယင်မှု

  • တစ်ချိန်က အရှေ့တောင်အာရှတွင် အကျော်ကြားဆုံးဖြစ်ခဲ့ပြီး သမိုင်းအစဉ်အလာ ကြီးမား လှသည့် ရန်ကုန်တက္ကသိုလ်၏နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသော အနေဖြင့် ဤ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအား ကျင်းပြခြင်း ဖြစ်သည်။
  • သို့ဖြစ်၍ ရာပြည့်အထိမ်းအမှတ်နှင့် ကိုက်ညီမှုရှိစေရန်အတွက် မြန်မာအမျိုးသား၊ အမျိုး သမီးဝတ်စုံ (သို့မဟုတ်) တိုင်းရင်းသားရိုးရာဝတ်စုံတို့ကို သပ်ရပ်ကျနစွာ ဝတ်စားဆင်ယင်၍ ပြိုင်ပွဲဝင်စေလိုပါသည်။

ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား ကျင်းပပြုလုပ်ရေးလုပ်ငန်းကော်မတီ

ဆက်သွယ်ရန်-ဒေါက်တာလဲ့လဲ့အောင်၊ ၀၉၅၁၉၄၁၁၂၊ llaung1111@gmail.com