ကျောင်း စာကြည့်တိုက်များ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

(၄) ကြိမ်မြောက် အရှေ့တောင် အာရှနိုင်ငံ ဒေသတွင်း ကျောင်းစာကြည့်တိုက်များ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ International Association of School Librarianship မှ ပါမောက္ခ ဒေါက်တာ ဒေးလ်ဂျစ်ဆင်း၊ မြန်မာနိုင်ငံစာ ကြည့်တိုက်အသင်းနာယကနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပမှ စာကြည့်တိုက်မှူးများ၊ ဖိတ်ကြားထားသူများနှင့် တရာဝန်ရှိသူများ တက်ရောက်ကြ သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၁ ရာစုတွင် လိုအပ် မည့် ကျောင်းစာကြည့်တိုက်မှူးများ၏ အရည်အချင်းတိုးတက်ရေးနှင့် စိန်ခေါ်မှုအခက် အခဲများကို ကျော်လွှားနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ နှစ်စဉ်ကျင်းပပြီး အဖြေ ရှာဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းအနေဖြင့် ကျောင်း စာကြည့်တိုက်နှင့်ပတ်သက်၍ ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် အလုပ်ရုံးဆွေး နွေးပွဲဖြစ်သည်ဟု သိရှိရပါကြောင်း။