လေသွဲ့ ယူငင်ရသစာစဉ် အစီအစဉ် PROMO

ဆရာ ဦးမျိုးမြတ်သူ၊ Mandalay FM နဲ့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတို့ ပူးပေါင်းစီစဥ်ထားတဲ့ လေသွဲ့ယူငင်ရသစာစဥ် အစီအစဥ်ပါ။

ရည်ရွယ်ချက်
ယနေ့ခေတ် အကောင်အထည်ဖော်နေတဲ့ သင်ရိုးသစ်တွေကို သင်ကြားပေးမဲ့ ဆရာဆရာမတွေ သင်ကြားရေးအထောက်အကူဖြစ်‌စေရန်နဲ့ လေ့လာသင်ယူကြမဲ့ ကျောင်းသား ကျောင်းသူတွေ သင်ယူမှု လွယ်ကူစေရန်အတွက် ရည်ရွယ်ပါတယ်။

မြန်မာစာပေကို ချစ်မြတ်နိုးလာအောင် ဝိုင်းဝန်းကြိုးပမ်းထားတဲ့ အစီအစဥ်တစ်ခုပါ။ မြန်မာစာြမန်မာမှုနယ်ပယ်က သုတရသနှစ်ဖြာသော အကြောင်းအရာတွေကို ရသခံစား နားဆင်နိုင် ပါမယ်။

စိတ်ဝင်စားစရာ မြန်မာစာပေသမိုင်းနဲ့ ရသစာပေ၊ ဂီတအနုပညာတွေကို ဆက်စပ်ပေးထားတာ ဖြစ်ပါတယ်။ သီချင်းတွေတစ်လှည့် ဗဟုသုတတွေတစ်လှည့်နဲ့ ရသမျိုးစုံ ခံစားနိုင်မဲ့ အစီအစဥ်သစ်ပါ။

ဇာတ်ညွှန်း
– ဒေါက်တာညိမ်းညိမ်း (ပါမောက္ခ၊ ဌာနမှူး၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်)

ပါဝင်သူတင်ဆက်သူများ
– ဆရာ ဦးမျိုးမြတ်သူ(Mandalay FM)
– ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ

ကူညီအားဖြည့်ပေးသူများ
– စောင်း- ဆရာ ဦးမောင်မောင်ခင်(ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း၊ ရန်ကုန်တက္ကသိုလ် အနုပညာအသင်း)
– စည်းဝါး- ဆရာ ဦးဌေးမော်( ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း၊ ရန်ကုန်တက္ကသိုလ် အနုပညာအသင်း)
ထုတ်လွှင့်မည့် ချယ်နယ်(CHANNEL)
– 87.9 (Mandalay FM)

ထုတ်လွှင့်ချိန်
–  အပတ်စဥ် စနေနေ့ မနက် ၁၀နာရီနဲ့ ၁၁ နာရီ
ပြန်လည်ထုတ်လွှင့်ချိန်
–  ကြာသပတေးနေ့ နေ့လယ် ၂ နာရီကနေ ၃ နာရီ

http://www.uy.edu.mm/ မှာလဲ အပတ်စဥ် ဝင်ရောက်နားဆင်နိုင်ပါတယ်။